Pular para o conteúdo
Publicidade

သုတ္တံ 4

5 ပ​ညာ​ကို ဆည်း​ပူး​လော့။ ဉာဏ်​ကို ဆည်း​ပူး​လော့။ သ​တိ​မ​လစ်​စေ​နှင့်။ ငါ၏​နှုတ်​ထွက်​စ​ကား​ကို မ​လွှဲ​မ​ရှောင်​နှင့်။ 6 ပ​ညာ​ကို မ​စွန့်​နှင့်။ သူ​သည်​သင့်​ကို ထိန်း​သိမ်း​လိမ့်​မည်။ သူ့​ကို​ချစ်​လော့။ သင့်​ကို စောင့်​မ​လိမ့်​မည်။ 7 ပ​ညာ​သည် အ​မြတ်​ဆုံး​သော​အ​ရာ​ဖြစ်၏။ ပ​ညာ​ကို​ဆည်း​ပူး​လော့။ ဆည်း​ဖူး​သ​မျှ​သော​ဥ​စ္စာ​တို့​တွင် ဉာဏ်​ကို​ဆည်း​ပူး​လော့။ 8 သူ့​ကို အ​မြတ်​ထား​လော့။ သူ​သည် သင့်​ကို ချီး​မြှောက်​လိမ့်​မည်။ သူ့​ကို​ဖက်​ယမ်း​လျှင်၊ ဂုဏ်​အ​သ​ရေ​ကို ပေး​လိမ့်​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também