Pular para o conteúdo
Publicidade

သုတ္တံ 5

8 ထို​သို့​သော​မိန်း​မ​ကို ဝေး​စွာ​ရှောင်​သွား​လော့။ သူ့​နေ​ရာ တံ​ခါး​ဝ​သို့​မ​ချဉ်း​နှင့်။ 9 သို့​မ​ဟုတ် သင်​သည် ကိုယ်​ဂုဏ်​အ​သ​ရေ​ကို သူ​တစ်​ပါး၌​လည်း​ကောင်း၊ ကိုယ်​အ​သက်​ကို ကြမ်း​တမ်း​သော သူ​တို့၌​လည်း​ကောင်း​အပ်​လိမ့်​မည်။ 10 တစ်​ပါး​အ​မျိုး​သား​တို့​သည် သင်၏​စည်း​စိမ်​နှင့် ပြည့်​ဝ​ကြ​လိမ့်​မည်။ သင်​လုပ်၍ ရ​သော​ဥ​စ္စာ​သည် တစ်​ပါး​အ​မျိုး​သား​အိမ်​သို့ ရောက်​လိမ့်​မည်။ 11 နောက်​ဆုံး၌ သင့်​အ​သား၊ သင့်​ကိုယ်​ကာ​ယ​ဆွေး​မြေ့​သော​အ​ခါ၊ 12 ငါ​သည် သွန်​သင်​ခြင်း​ကို မုန်း​လေ​ပြီ​တ​ကား။ ဆုံး​မ​ခြင်း​ကို စိတ်​နှ​လုံး​ထဲ​မှာ မ​ထီ​မဲ့​မြင်​ပြု​လေ​ပြီ​တ​ကား။ 13 ငါ့​ဆ​ရာ​တို့၏​စ​ကား​ကို နား​မ​ထောင်​ဘဲ၊ ငါ့​အား သွန်​သင်​သော သူ​တို့၏​စ​ကား​ကို နား​မ​ခံ​ဘဲ​နေ​လေ​ပြီ​တ​ကား။ 14 စည်း​ဝေး​သော​ပ​ရိသတ်​များ​အ​လယ်၌ ဒု​စ​ရိုက်​မျိုး​ကို ကုန်​စင်​လု​သည်​တိုင်​အောင် ငါ​ပြု​လေ​ပြီ​တ​ကား​ဟု မြည်​တမ်း​ရ​လိမ့်​မည်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também