Pular para o conteúdo
Publicidade

ရောမ 1

22 ပ​ညာ​ရှိ​ယောင်​ဆောင်​လျက်​နှင့် လူ​မိုက်​အ​ရာ၌ တည်​ကြ​သည်​ဖြစ်၍၊- 23 မ​ဖောက်​ပြန်​မ​ပျက်​စီး​နိုင်​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ပယ်​လျက်၊ ဖောက်​ပြန်​ပျက်​စီး​တတ်​သော လူ၏​ရုပ်​တု၊ သား​ငှက်​အ​စ​ရှိ​သော တွား​တတ်​သော တိ​ရ​စ္ဆာန်၏​ရုပ်​တု​ကို ဘု​ရား​သ​ခင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။တ​ရား၊၄:၁၆-၁၈။

24 ထို​ကြောင့်​သူ​တို့​သည် မိ​မိ​တို့​ကိုယ်​ကာ​ယ၏ အ​သ​ရေ​ကို အ​ချင်း​ချင်း​ရှုတ်​ချ​မည်​အ​ကြောင်း၊ ဘု​ရား​သ​ခင်​သည် သူ​တို့​ကို သူ​တို့၏ ကိ​လေ​သာ​စိတ်​ညစ်​ညူး​ခြင်း​လက်​သို့ အပ်​လိုက်​တော်​မူ၏။- 25 သူ​တို့​သည် မှန်​သော​ဘု​ရား​သ​ခင့်​အ​ရာ၌ အ​မှား​ကို​ထား​လျက်၊ ဖန်​ဆင်း​တတ်​သော သ​ခင်​ကို​ပယ်၍ ဖန်​ဆင်း​အပ်​သော​အ​ရာ​ကို ဝတ်​ပြု​ကိုး​ကွယ်​သော​သူ ဖြစ်​ကြ၏။ ထို​သ​ခင်​သည် ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ၏။ အာ​မင်။- 26 ထို​သို့​ပြု​ကြ​သော​ကြောင့် ဘု​ရား​သ​ခင်​သည် သူ​တို့​ကို ရှက်​ကြောက်​ဖွယ်​သော ကိ​လေ​သာ​လက်​သို့ အပ်​လိုက်​တော်​မူ၏။ အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ မိန်း​မ​တို့​သည် ပ​က​တိ​ထုံး​စံ​ကို​စွန့်၍၊ ပ​က​တိ​နှင့် ဆန့်​ကျင်​ဘက်​ထုံး​စံ​ကို လိုက်​ကြ၏။- 27 ထို​အ​တူ၊ ယောက်ျား​တို့​သည်​လည်း မိန်း​မ​နှင့် ဆက်​ဆံ​ခြင်း ပ​က​တိ​ထုံး​စံ​ကို​စွန့်၍ အ​ချင်း​ချင်း ကိ​လေ​သာ​စိတ်​ပူ​လောင်​သ​ဖြင့်၊ ရှက်​ကြောက်​ဖွယ်​သော​အ​မှု​ကို ယောက်ျား​ချင်း​ပြု​လျက်၊ မိ​မိ​တို့ မှား​ယွင်း​ခြင်း​နှင့်​အ​လျောက် မိ​မိ​တို့​အ​ပြစ်​ဒဏ်​ကို ခံ​ရ​ကြ၏။-

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também