Publicidade

Romanos 11

ဘု​ရား​သ​ခင်၏​က​ရု​ဏာ​တော်

1 သို့​ဖြစ်​လျှင်၊ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို ပယ်​တော်​မူ​ပြီ​လော​ဟု မေး​သော်၊ ပယ်​တော်​မ​မူ​ဟု ဆို​ရ၏။ ငါ​ပင် ဣ​သ​ရေ​လ​လူ​ဖြစ်၏။ အာ​ဗြ​ဟံ​အ​မျိုး၊ ဗင်္ယာ​မိန်​အ​နွယ် ဖြစ်၏။-2 ဘု​ရား​သ​ခင်​သည် အ​ထက်​က သိ​မှတ်​တော်​မူ​သော မိ​မိ​လူ​တို့​ကို ပယ်​တော်​မ​မူ။ ပ​ရော​ဖက်​ဧ​လိ​ယ​က၊ အို ထာ​ဝ​ရ​ဘု​ရား၊- 3 သူ​တို့​သည် ကိုယ်​တော်၏ ပ​ရော​ဖက်​များ​ကို သတ်​ကြ​ပါ​ပြီ။ ကိုယ်​တော်၏​ယဇ်​ပ​လ္လင်​များ​ကို ဖြို​ဖျက်​ကြ​ပါ​ပြီ။ အ​ကျွန်ုပ်​တစ်​ယောက်​တည်း ကျန်​ရစ်၍၊ အ​ကျွန်ုပ် အ​သက်​ကို​ပင် ရှာ​ကြ​ပါ၏​ဟု ဘု​ရား​သ​ခင့်​ရှေ့​မှာ ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ လျှောက်​ထား​သည်​ဟု ကျမ်း​စာ၌ ပါ​သော​အ​ကြောင်း​ကို သင်​တို့​သည် မ​သိ​ကြ​သ​လော။-4 ထို​သို့​လျှောက်​သော​အ​ခါ၊ အ​ဘယ်​သို့ ဗျာ​ဒိတ်​ထား​တော်​မူ​သ​နည်း​ဟူ​မူ​ကား၊ ဗာ​လ​ရှေ့၌ ဒူး​မ​ထောက်​သော လူ​ခု​နစ်​ထောင်​တို့​ကို ငါ့​အ​ဖို့ ငါ​ကျန်​ကြွင်း​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-5 ထို​နည်း​တူ၊ ယ​ခု​ကာ​လ​တွင်​ပင် ကျေး​ဇူး​တော်​အ​တိုင်း ရွေး​ကောက်​တော်​မူ​သော အ​ကြွင်း​အ​ကျန်​ရှိ​သေး၏။- 6 ကျေး​ဇူး​တော်​အား​ဖြင့်​ရှိ​လျှင်၊ ကိုယ်​ကျင့်​သော​အ​ကျင့်​အား​ဖြင့် မ​ရှိ၊ ရှိ​လျှင် ကျေး​ဇူး​သည် ကျေး​ဇူး​မ​ဟုတ်။ ကိုယ်​ကျင့်​သော​အ​ကျင့်​အား​ဖြင့် ရှိ​လျှင်၊ ကျေး​ဇူး​အား​ဖြင့် မ​ရှိ၊ ရှိ​လျှင် ကိုယ်​ကျင့်​သော​အ​ကျင့်​သည် အ​ကျင့်​မ​ဟုတ်။ 7 သို့​ဖြစ်​လျှင် အ​ဘယ်​သို့​နည်း၊ ဣ​သ​ရေ​လ​လူ​တို့​သည် ရှာ​သော​အ​ရာ​ကို မ​တွေ့​မ​ရ​ကြ။ ရွေး​ကောက်​တော်​မူ​သော သူ​တို့​သာ တွေ့​ရ​ကြ၏။ ကြွင်း​သော​သူ​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း၏။- 8 ထို​သို့​နှင့်​အ​ညီ ကျမ်း​စာ​လာ​သည်​ကား၊ ဘု​ရား​သ​ခင်​သည် အိပ်​ချင်​သော​သ​ဘော​ကို​လည်း​ကောင်း၊ မ​မြင်​နိုင်​သော မျက်​စိ​ကို​လည်း​ကောင်း၊ မ​ကြား​နိုင်​သော နား​ကို​လည်း​ကောင်း၊ ထို​သူ​တို့​အား ပေး​တော်​မူ​ပြီ​ဟု​လာ၏။ ထို​ကျမ်း​စာ​ချက်​သည် ယ​နေ့​တိုင်​အောင် ပြည့်​စုံ​သ​တည်း။-9 ဒါ​ဝိဒ်၏​စ​ကား ဟူ​မူ​ကား၊ သူ​တို့​စား​ပွဲ​သည် သူ​တို့၌ ကျော့​ကွင်း​သော်​လည်း​ကောင်း၊ ဂျမ်း​သော်​လည်း​ကောင်း၊ ထောင်​ချောက်​သော်​လည်း​ကောင်း၊ ခံ​ထိုက်​သော အ​ပြစ်​သော်​လည်း​ကောင်း ဖြစ်​ပါ​စေ။-10 သူ​တို့​သည် မ​မြင်​နိုင်​အောင် မျက်​စိ​ကွယ်​ပါ​စေ။ သူ​တို့​ကျော​သည်​လည်း အ​စဉ်​ကုန်း​ပါ​စေ​ဟု လာ​သ​တည်း။

လူ​မျိုး​ခြား​တို့​အ​တွက်​ကယ်​တင်​ခြင်း

11 သို့​ဖြစ်​လျှင်၊ ဣ​သ​ရေ​လ​လူ​တို့​သည် လဲ၍ နေ​ရ​သည်​တိုင်​အောင် ထိ​မိ​ကြ​ပြီ​လော​ဟု မေး​သော်၊ လဲ၍​မ​နေ​ရ​ကြ။ သူ​တို့၏​စိတ်​ကို နှိုး​ဆော်​စ​ရာ​အ​ကြောင်း ရှိ​စေ​ခြင်း​ငှာ၊ သူ​တို့၏​လဲ​ခြင်း​အား​ဖြင့် ကယ်​တင်​တော်​မူ​ခြင်း ကျေး​ဇူး​သည် တစ်​ပါး​အ​မျိုး​သား​တို့၌ သက်​ရောက်​လေ၏။- 12 သူ​တို့၏​လဲ​ခြင်း​အ​ရာ​သည် လော​ကီ​သား​တို့၏ စီး​ပွား​ကို​လည်း​ကောင်း၊ သူ​တို့၏​ရှုံး​ခြင်း​အ​ရာ​သည် တစ်​ပါး​အ​မျိုး​သား​တို့၏ စီး​ပွား​ကို​လည်း​ကောင်း ပြု​စု​လျှင်၊ သူ​တို့၏ ပြည့်​စုံ​ခြင်း​အ​ရာ​သည် သာ၍ ပြု​စု​မည်​မ​ဟုတ်​လော။ 13,14 ထို​သို့​ဆို​သော်၊ ငါ​သည် တစ်​ပါး​အ​မျိုး​သား​တို့​နှင့်​ဆိုင်​သော တ​မန်​တော်​ဖြစ်​သည်​နှင့် အ​ညီ၊ ထို​တ​မန်​တော်၏​အ​ရာ​ကို ချီး​မွမ်း​လျက်၊ ငါ့​အ​မျိုး​သား​ချင်း​တို့၏​စိတ်​ကို တစ်​ခု​ခု​အား​ဖြင့် နှိုး​ဆော်၍၊ အ​ချို့​တို့​ကို ကယ်​တင်​ခြင်း​ငှာ၊ တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော သင်​တို့​အား​ဆို​ရ​သ​တည်း။- 15 ထို​သူ​တို့​ကို ပယ်​တော်​မူ​ခြင်း​အ​ရာ​သည် လော​ကီ​သား​တို့၏ မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း​အ​ကြောင်း​ဖြစ်​လျှင်၊ သူ​တို့​ကို သိမ်း​ဆည်း​တော်​မူ​ခြင်း​အ​ရာ​သည် သေ​ခြင်း​မှ ထ​မြောက်​ရှင်​ပြန်​ခြင်း​ကဲ့​သို့ ဖြစ်​လိမ့်​မည် မ​ဟုတ်​လော။- 16 အ​ဦး​နယ်​သော မုန့်​စိမ်း​သည် သန့်​ရှင်း​လျှင်၊ တစ်​ပုံ​လုံး သန့်​ရှင်း​လိမ့်​မည်။ အ​မြစ်​သန့်​ရှင်း​လျှင်၊ အ​ခက်​အ​လက်​များ​လည်း သန့်​ရှင်း​ကြ​လိမ့်​မည်။- 17 အ​ချို့​သော​အ​ခက်​တို့​ကို ချိုး​ဖဲ့​ပြီး​မှ၊ ရိုင်း​သော သံ​လွင့်​ပင်​တည်း​ဟူ​သော သင်​ကို အ​ထက်​ငုတ်၌ ဆက်၍ စိုက်​သ​ဖြင့်၊ အ​ခက်​များ​နှင့်​အ​တူ သံ​လွင်​ပင်​အ​မြစ်​ကို​လည်း​ကောင်း၊ အ​ဆီ​ဩ​ဇာ​ကို​လည်း​ကောင်း ဆက်​ဆံ​လျှင်၊ ချိုး​ဖဲ့​သော အ​ခက်​တို့​ကို ကဲ့​ရဲ့​ဝါ​ကြွား​ခြင်း​မ​ရှိ​နှင့်။- 18 ဝါ​ကြွား​လျှင်​မူ​ကား၊ သင်​သည်​အ​မြစ်​ကို မ​ဆောင်၊ အ​မြစ်​သည် သင့်​ကို​ဆောင်၏။- 19 ငါ့​ကို​ဆက်၍​စိုက်​ခြင်း​ငှာ ထို​အ​ခက်​တို့​ကို ချိုး​ဖဲ့​ပြီ​ဟု သင်​ဆို​ပြန်​လျှင်၊ မှန်​စေ​တော့။- 20 မ​ယုံ​ကြည်​သော​စိတ်​ရှိ​သော​ကြောင့် သူ​တို့​ကို ချိုး​ဖဲ့​သည်​ဖြစ်၍၊ သင်​သည် ယုံ​ကြည်​ခြင်း​အား​ဖြင့်​သာ တည်၏။ မာ​န​စိတ် မ​ရှိ​စေ​နှင့်။ ကြောက်​ခြင်း​စိတ် ရှိ​စေ​လော့။- 21 အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ပ​က​တိ​အ​ခက်​များ​ကို နှ​မြော​တော်​မ​မူ​လျှင်၊ သင်​တို့​ကို နှ​မြော​တော်​မူ​မည်​လော။- 22 သို့​ဖြစ်၍၊ လဲ​သော​သူ​တို့၌ ပြင်း​စွာ စီ​ရင်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ကျေး​ဇူး​တော်၌​သင်​သည် တည်​နေ​လျှင်၊ သင်၌​ပြု​တော်​မူ​သော ကျေး​ဇူး​တော်​ကို​လည်း​ကောင်း၊ ဤ​နှစ်​ပါး​ကို အောက်​မေ့​လော့။ ကျေး​ဇူး​တော်၌ မ​တည်​မ​နေ​လျှင်၊ သင်​သည်​လည်း ခုတ်​ပစ်​ခြင်း​ကို ခံ​ရ​မည်။- 23 သူ​တို့​သည် မ​ယုံ​ကြည်​သော​စိတ်​ပျောက်​လျှင်၊ အ​ပင်၌​တစ်​ဖန် ဆက်၍​စိုက်​သော​အ​ခွင့်​ကို ရ​ကြ​လိမ့်​မည်။ သူ​တို့​ကို တစ်​ဖန်​ဆက်၍ စိုက်​ခြင်း​ငှာ ဘု​ရား​သ​ခင်​တတ်​နိုင်​တော်​မူ၏။- 24 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ပ​က​တိ​ရိုင်း​သော သံ​လွင်​ပင်​မှ သင့်​ကို​ခုတ်​ယူ၍၊ ကောင်း​သော သံ​လွင်​ပင်၌ ပ​က​တိ​ကို မ​လိုက်​ဘဲ ဆက်၍​စိုက်​သည် မှန်​လျှင်၊ ပ​က​တိ​အ​ခက်​ဖြစ်​သော ထို​သူ​တို့​သည် မိ​မိ​တို့​သံ​လွင်​ပင်၌ ဆက်၍​စိုက်​သော​အ​ခွင့်​ကို သာ၍​ရ​ကြ​မည် မ​ဟုတ်​လော။

ဣ​သ​ရေ​လ​တို့​အ​တွက်​ကယ်​တင်​ခြင်း

25 ညီ​အစ်​ကို​တို့၊ သင်​တို့​သည် ဝါ​ကြွား​သော​စိတ် မ​ရှိ​စေ​မည်​အ​ကြောင်း၊ တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မ​ဝင်​မီ​တိုင်​အောင်၊ ဣ​သ​ရေ​လ​လူ​အ​ချို့​တို့​ကို မှောင်​မိုက်​ဖုံး​လွှမ်း​ခြင်း​အ​ကြောင်း​တည်း ဟူ​သော နက်​နဲ​သော​အ​ရာ​ကို မ​သိ​ဘဲ​နေ​စေ​ခြင်း​ငှာ ငါ​အ​လို​မ​ရှိ။- 26 ထို​သို့ ကျမ်း​စာ​နှင့်​အ​ညီ၊ ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​သည် ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။ ကျမ်း​စာ​ချက်​ဟူ​မူ​ကား၊ ကယ်​လွှတ်​သော​သ​ခင်​သည် ဇိ​အုန်​တောင်၌ ပေါ်​ထွန်း၍၊ မ​တ​ရား​သော​အ​မှု​ကို ယာ​ကုပ်​အ​မျိုး​သား​တို့​မှ လွှဲ​တော်​မူ​လ​တ္တံ့၊- 27 သူ​တို့​အ​ပြစ်​များ​ကို ငါ​ပယ်​ရှင်း​သော​အ​ခါ၊ သူ​တို့၌ ငါ​ပေး​သော ပ​ဋိ​ညာဉ်​တ​ရား​သည် ထို​သို့​သော​တ​ရား​ဖြစ်၏​ဟု လာ​သ​တည်း။-28 သူ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့်​မူ​ကား သင်​တို့​အ​ကြောင်း​ကြောင့် ရန်​သူ​ဖြစ်​ကြ၏။ ရွေး​ကောက်​တော်​မူ​ခြင်း​အား​ဖြင့်​မူ​ကား၊ ဘိုး​ဘေး​များ​အ​ကြောင်း​ကြောင့် ချစ်​သူ​ဖြစ်​ကြ၏။- 29 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင် ပေး​သ​နား​တော်​မူ​ခြင်း၊ ခေါ်​ထား​တော်​မူ​ခြင်း ကျေး​ဇူး​သည် ဖောက်​ပြန်​ခြင်း​သ​ဘော​မ​ရှိ၊- 30 သင်​တို့​သည် အ​ထက်​က၊ ဘု​ရား​သ​ခင်၏ စ​ကား​တော်​ကို နား​မ​ထောင်​ဘဲ​နေ​သော်​လည်း၊ ယ​ခု​တွင် သူ​တို့ နား​မ​ထောင်​ခြင်း​အ​မှု​အား​ဖြင့်၊ သ​နား​တော်​မူ​ခြင်း​ကို ခံ​ရ​သ​ကဲ့​သို့၊- 31 ထို​နည်း​တူ၊ သင်​တို့​ခံ​ရ​သော သ​နား​တော်​မူ​ခြင်း​အား​ဖြင့် သူ​တို့​လည်း သ​နား​တော်​မူ​ခြင်း​ကို ခံ​ရ​မည်​အ​ကြောင်း၊ ယ​ခု​တွင် သူ​တို့​သည် နား​မ​ထောင်​ဘဲ နေ​ရ​ကြ၏။- 32 ဘု​ရား​သ​ခင်​သည် လူ​အ​ပေါင်း​တို့​ကို သ​နား​တော်​မူ​ခြင်း အ​ခွင့်​ရှိ​စေ​ခြင်း​ငှာ လူ​အ​ပေါင်း​တို့​ကို နား​မ​ထောင်​ခြင်း​အ​ဖြစ်၌ ချုပ်​ထား​တော်​မူ၏။

ဂုဏ်​တော်​ချီးမွမ်း​ခြင်း

33 ဘု​ရား​သ​ခင်၏​ပ​ညာ​နှင့် ဉာဏ် တော်​သည် အ​လွန် ကျယ်​ဝန်း​နက်​နဲ​စွ​တ​ကား။ စီ​ရင်​တော်​မူ​ချက်​တို့​ကို အ​ဘယ်​သူ​မျှ စစ်၍​မ​ကုန်​နိုင်။ ကြွ​တော်​မူ​ရာ​လမ်း​တို့​ကို လိုက်၍​ရှာ​သော်​လည်း မ​တွေ့​မ​မီ​နိုင်။-34 ထာ​ဝ​ရ​ဘု​ရား၏​စိတ်​တော်​ကို အ​ဘယ်​သူ​သိ​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​နှင့် အ​ဘယ်​သူ​သည် တိုင်​ပင်​ဘက်​ပြု​သ​နည်း။-35 ကျေး​ဇူး​ဆပ်​တော်​မူ​ရ​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား၌ အ​ဘယ်​သူ​သည် ကျေး​ဇူး​ပြု​ဖူး​သ​နည်း။-36 ခပ်​သိမ်း​သော​အ​ရာ​တို့​သည် ကိုယ်​တော်​အ​ထဲ​က​လည်း​ကောင်း၊ ကိုယ်​တော်​အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​အ​ဖို့ အ​လို​ငှာ​လည်း​ကောင်း ဖြစ်​ကြ၏။ က​မ္ဘာ​အ​ဆက်​ဆက် ဘုန်း​ကြီး​တော်​မူ​စေ​သ​တည်း။ အာ​မင်။

Veja também

Publicidade
Bíblia Online Bíblia Online

Bíblia Online • Versão: 2026-06-16_18-40-07-