ဂုဏ်တော်ချီးမွမ်းခြင်း
33 ဘုရားသခင်၏ပညာနှင့် ဉာဏ် တော်သည် အလွန် ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။-ဟေရှာ၊ ၅၅:၈။34 ထာဝရဘုရား၏စိတ်တော်ကို အဘယ်သူသိသနည်း။ ထာဝရဘုရားနှင့် အဘယ်သူသည် တိုင်ပင်ဘက်ပြုသနည်း။-ဟေရှာ၊ ၄၁:၁၃။35 ကျေးဇူးဆပ်တော်မူရမည်အကြောင်း၊ ထာဝရဘုရား၌ အဘယ်သူသည် ကျေးဇူးပြုဖူးသနည်း။-ယောဘ၊ ၄၁:၁၁။