Pular para o conteúdo
Publicidade

ရောမ 7

4 ထို​နည်း​တူ၊ ငါ့​ညီ​အစ်​ကို​တို့၊ သင်​တို့​သည် အ​ခြား​သော သူ​တည်း​ဟူ​သော၊ သေ​ခြင်း​မှ ထ​မြောက်​တော်​မူ​သော သူ၏​မ​ယား​ဖြစ်၍၊ ဘု​ရား​သ​ခင်၏ အ​လို​တော်​နှင့်​အ​ညီ တိုး​ပွား​မည်​အ​ကြောင်း၊ ခ​ရစ်​တော်၏​ကိုယ်​ခ​န္ဓာ​အား​ဖြင့်​သေ၍ ပ​ညတ်​တ​ရား​နှင့် ကွာ​ကြ၏။- 5 ငါ​တို့​သည် ဇာ​တိ​ပ​က​တိ၌ ကျင်​လည်​သော​အ​ခါ၊ အ​ပြစ်​နှင့်​စပ်​ဆိုင်​သော စိတ်​တို့​သည် ပ​ညတ်​တ​ရား​အား​ဖြင့်​ပေါက်၍ သေ​ခြင်း​တ​ရား၏​အ​လို​နှင့်​အ​ညီ တိုး​ပွား​မည်​အ​ကြောင်း၊ ငါ​တို့၏​ကိုယ်​အင်္ဂါ​များ၌ ပြု​ပြင်​ကြ၏။- 6 ယ​ခု​မူ​ကား၊ ကျမ်း​စာ၌​ပါ​သော တ​ရား​ဟောင်း​ကို မ​မှီ​ဘဲ၊ ဝိ​ညာဉ်​တော်​တ​ရား​သစ်​ကို​မှီ၍ အ​မှု​ဆောင်​ရွက်​ခြင်း​အ​လို​ငှာ၊ ငါ​တို့​သည်​သေ​သ​ဖြင့် အုပ်​ချုပ်​သော​ပ​ညတ်​တ​ရား၏​လက်​မှ လွတ်​ခြင်း​သို့ ရောက်​ကြ​ပြီ။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.

Veja também