Pular para o conteúdo
Publicidade

တမန်တော် 12:5-12

5 အေးလိုမို့ ပေတရုဟ ထောင်ထဲမှာ ထိန်းသိမ်းထားခြင်း ခံရအယ်၊ အဲလိုလဲ အသင်းတော်ဝင် အပေါင်းလို့ဟ ပေတရုအတွက် စိတ်အားထက်သန်စွာ ဘုရားသခင်ဆေ ဆုတောင်းလျက် နေကြအယ်။

ပေတရု အကျဉ်းထောင်မှ လွတ်လာခြင်း

6 ဟေရုဒ်မင်းဟ ပေတရုဟို လူလို့ဆေ့ဟို ခေါ်ထုတ်မယ့်နေ့ မရောက်ခင် ညနှိုက်၊ ပေတရုဟ အစောင့်တပ်သား နေယောက်ကြားတွင် အိပ်မွေလျက် နေအယ်။ သူ့ဟို သူလို့ နေယောက်နဲ့အတူ သံကြိုးနေချောင်းဖြင့် တုတ်ချေထားပင်း၊ အဲထောင် ထင်ခါးဆေ့တွင်လည်း အစောင့်တပ်သားများဟ စောင့်ကြပ်လျက် ဆိကြအယ်။ 7 ထာဝရဘုရားရဲ့ ခေါန်းခင်တမန်ဟ ရုတ်တရက် ပေါ်လာယွေ့ အချုပ်ခန်းထဲနှိုက် အလင်းရောင် ထွန်းလင်းလျက် နေအယ်။ ခေါန်းခင်တမန်ဟ ပေတရုရဲ့ ပခုံးဟို ပုတ်ယွေ့ သူ့ဟို နှိုးကာ "မြန်မြန်ထလော" ဟု ဆိုအယ်။ အဲအခါ သံကြိုးလို့ဟ ပေတရုရဲ့ လက်မှ ကျွတ်ကျအယ်။ 8 အဲပင်းရင် ခေါန်းခင်တမန်ဟ "နင့်ရဲ့ ခါးပန်းဟို စဲယွေ့ ဖိနပ်ဟို စီးလော" ဟု ဆိုအယ်။ ပေတရုဟ အေးလို့ ပြောလဲ့အတိုင်း ပြုအယ်။ အဲပင်းရင် ခေါန်းခင်တမန်ဟ သူ့အား "နင်ရဲ့ ဝတ်လုံဟို ခြုံယွေ့ ငါ့နောက်ဟို လိုက်လော့" ဟု ဆိုအယ်။ 9 ပေတရုဟ အချုပ်ခန်းမှ ထွက်ယွေ့ သူ့နောက် လိုက်သွားလေအယ်၊ အဲလိုလဲ ခေါန်းခင်တမန်အားဖြင့် ဖြစ်ပျက်နေသောအရာဟ အမန်တကယ်ဖြစ်ကျောန်း မသိဘဲ ရူပါရုံဟို မျော်နေအယ်ဟုသာ သူ ထင်မှတ်အယ်။ 10 သူလို့ဟ ကင်းစောင့်ထားချရာ ပထမနေရာနဲ့ ဒုတိယနေရာလို့ဟို ပွန်သွားပင်းရင် မြို့ဟို သွားလဲ့ သံထင်ခါးဟို ရောက်လာကြအယ်။ အဲထင်ခါးဟ သူလို့အတွက် တတ်တိုင်း ပွင့်သဖြင့် သူလို့ဟ ထွက်လာကြအယ်။ သူလို့ဟ လမ်းအတိုင်း လိုက်သွားကြပင်း ခေါန်းခင်တမန်ဟ ပေတရုနားမှ ခုတင်ချင်း ထွက်ခွာ သွားလေအယ်။

11 အဲအခါ ပေတရုဟ သူနှိုက် ပစာဖြစ်တာဟို သတိ ပြန်ဝင်လာယွေ့ "သခင်ဘုရားဟ မိမိရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်ယွေ့ ငါ့ဟို ဟေရုဒ်ရဲ့ လက်မှလည်းကောင်း၊ ယုဒအမျိုးသားလို့ရဲ့ မျှော်လင့်သမျှသော အရာအားလုံးမှလည်းကောင်း ငါ့ဟို ကယ်နုတ်တာဟို အခု ငါ အမန်တကယ် သိပီ" ဟု ဆိုအယ်။

12 သူ့အခြေအနေဟို သတိထားမိသောအခါ၊ သူဟ မာကုဟု ခေါ်လဲ့ ယောဟန်ရဲ့ အမေ့ဖြစ်သော မာရိရဲ့ နေအိုင်ဟို သွားအယ်၊ အဲနေအိုင်တွင် ရမ်းဆာ့လူများ စုဆုံယွေ့ ဆုတောင်းလျက် နေကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.