2 အဲသူလို့ဟ သခင်ဘုရားရဲ့ အမှုတော်ဟို ဆောင်ရွက်ယွေ့ အစာဆှောင်လျက် နေကြစဉ် သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူလို့အား "ရှောလုနဲ့ ဗာနဗလို့ဟို သူလို့အတွက် သတ်မှတ်ထားသော အမှုတော်ဆောင်ရန် ငါ့အတွက် သီးသန့် ရွေးချယ်ကြလော့" ဟု မိန့်အယ်။
3 အဲအခါ သူလို့ဟ အစာဆှောင်ယွေ့ ဆုတောင်းကြကာ အေးသူလို့နေဦးလို့အပေါ် လက်တင်ပင်းနောက် သူလို့ဟို စေလွှတ်လိုက်ကြအယ်။
ကုပရုကျွန်းတွင် အမှုတော်ဆောင်ခြင်း
4 အဲလိုမို့ သူလို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် စေလွှတ်လဲ့အတိုင်း သေလုကိမြို့ဟို သွားရောက်ယွေ့ အဲမြို့မှ ကုပရုကျွန်းဟို သင်္ဘောလွှင့်ကြအယ်။