ဖိလိပ္ပိမြို့တွင် အကျဉ်းကျခံရခြင်း
16 တနေ့နှိုက် ငါလို့ဟ ဆုတောင်းရာနေရာဟို သွားနေစဉ်၊ ဗေဒင်ဟောနိန်သော နတ်ဝင်ပူးနေလဲ့ အစေခံမိန်းမငယ် တယောက်နဲ့ တွေ့ဆုံအယ်။ သူဟ အေးလို့ ဗေဒင်ဟောပြောခြင်းဖြင့် မိမိရဲ့ သခင်ဖြစ်သူအတွက် ပိတ်ဆန်အများ ရဆိစေအယ်။ 17 အေးမိန်းမဟ ပေါလုနဲ့ ငါလို့နောက်ဟို လိုက်ပင်း "အေးသူလို့အား အမြင့်ဆုံးသော ဘုရားရဲ့ အစေခံများ ဖြစ်ယွေ့ နင်လို့အား ကယ်တင်ခြင်း တရားဟို ဟောပြောသူများ ဖြစ်အယ်" လို့ အော်လေအယ်။ 18 သူမဟ ရက်ပေါင်းများစွာ အေးလို့ လုပ်နေသဖြင့် ပေါလုဟ ရမ်းဆာ့ စိတ်ညစ်ရယွေ့ နောက်ဟို လှည့်ပင်း "ယေရှု ခရစ်ရဲ့ နာမဖြင့် အေးသူ့ဆေမှ ထွက်သွားရန် နင့်ဟို ငါ အမိန့်ပေးအယ်" လို့ နတ်ဆိုးအား ဆိုရင်၊ အေးခဏနှိုက် နတ်ဆိုးဟ သူမဆေမှ ထွက်သွားလေအယ်။ 19 သူမရဲ့ သခင်ဖြစ်သူလို့ဟ မိမိလို့ ပိတ်ဆန် ဝင်ပေါက် ပိတ်သွားပင်း မျော်လင့်စရာ မဆိကျောန်း သိကြသောအခါ၊ ပေါလုနဲ့ သိလလို့ဟို ဖမ်းဆီးယွေ့ အာဏာပိုင်များဆိရာ အများနဲ့ဆိုင်သော နေရာဟို ဆွဲခေါ်သွားကြအယ်။ 20 ရောမတပ်မှူးလို့ရဲ့ ဆေ့ဟို ရောက်သောအခါ "အေးသူဟ ယုဒလူများ ဖြစ်ပင်း ငါလို့မြို့တွင် ဒုက္ခရောက်အောန် လုပ်နေကြအယ်လို့ ပြောအယ်။ 21 ငါလို့ တရားဥပဒေများနဲ့ ဆန့်ကျင်သော စလေ့များဟို သင်ကြားနေကြအယ်။ ငါလို့ဟ ရောမနိုင်ငံသားဖြစ်သောကျောန့် အေးစလေ့များဟို လက်မခံနိန် အဲဟာမဟုတ်ရင် မကျင့်သုံးနိန်ပါ" လို့ ဆှောက်ထားကြအယ်။ 22 လူအုပ်ဟလည်း ပေါလုနဲ့ သိလလို့ဟို ဝိုင်းယွေ့ တိုက်ခိုက်ကြအယ်။
အဲပင်းရင် အရာဆိလို့ဟ အေးသူနေဦးရဲ့ အဝတ်များဟို ဆုတ်ဖြဲယွေ့ ကြိမ်ဒဏ်ပေးစေရန် အမိန့်ချမှတ်ကြအယ်။ 23 သူလို့ဟို အကြိမ်များစွာ ရိုက်ပင်းနောက် ထောင်ထဲမှာ ချထားကြပင်း သူလို့အား လုံခြုံစွာ သော့ခတ်ထားရန် ထောင်မှူးဟ အမိန့်ပေးအယ်။ 24 အေးလို့ အမိန့်ဟို လက်ခံရဆိသော ထောင်မှူးဟ သူလို့အားလုံး ထောင်အတွင်းဟို ထည့်ယွေ့ သူလို့ရဲ့ ခြေထောက်များဟို ရမ်းဆာ့လေးလဲ့ သစ်သားများနဲ့ ထိပ်တုံး ခတ်ထားလေအယ်။
25 ညဉ့်သန်းခေါင်အချိန်နှိုက် ပေါလုနဲ့ သိလလို့ဟ ဆုတောင်းကာ ဘုရားသခင်ဟို ချီးမွန်း သီချင်းများဟို သီဆိုလျက် နေကြအယ်။ တခြားထောင်သားများလည်း သူလို့ဟို နားထောင်နေကြအယ်။ 26 ရုတ်တရက် မြေငလျင်ပြင်းစွာ လှုပ်သဖြင့် အကျဉ်းထောင်ရဲ့ အုတ်မြစ်ဟ တုန်လှုပ်သွားအယ်။ ထင်ခါးအားလုံးဟ ခုတင်ချင်း ပွင့်သွားပင်း ထောင်သားများအားလုံးလို့ရဲ့ သံကြိုးများ ပြုတ်ထွက်ကုန်အယ်။ 27 ထောင်မှူးဟ အိပ်ယာမှ နိုးယွေ့ ထောင်ထင်ခါး ပွင့်နေတာဟို မျော်သောအခါ အကျဉ်းသားများ ထွက်ပြေးကြပီလို့ ထင်သဖြင့် ထားဟို ဆွဲထုတ်ပင်း မိမိတတ်တိုင်း သတ်သေမယ် လုပ်အယ်။ 28 အဲလိုလဲ ပေါလုဟ "နင့်ကိုယ်နင် အန္တရာယ်မလုပ်နဲ့၊ ငါလို့အားလုံး ဟေမှာ ဆိအယ်" လို့ ကြီးလဲ့အသံနဲ့ အော်ပြောအယ်။
29 ထောင်မှူးဟ မီးတိုင်ဟို တောင်းပင်း ပြေးဝင် လာယွေ့ သူဟ တုန်ပင်း ပေါလုနဲ့ သိလလို့ရဲ့ ခြေထောက်ရင်းမှာ ပျပ်ဝပ်အယ်။ 30 အေးနောက် သူလို့ဟို အပြင်သို့ ခေါ်လာပင်း "ဆရာလို့၊ ငါ ကယ်တင်ခြင်း ခံရဖို့ စလို လုပ်ရမလုန်း" လို့ မေးအယ်။
31 သူလို့ဟ "သခင် ယေရှုဟို ယုံကြည်ကြလော့၊ အဲလိုလုပ်ရင် နင်နဲ့ နင်ရဲ့မိသားစုလို့ဟ ကယ်တင်ခြင်း ရလိမ့်မယ်" လို့ ဖြေကြအယ်။ 32 အဲပင်းရင် အေးသူနဲ့ သူ့ရဲ့ နေအိုင်မှာဆိလဲ့ တခြားသူများအားလုံးဟို ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားတော်ဟို ဟောပြောကြအယ်။ 33 အေးညအချိန်နှိုက်ပင် ထောင်မှူးဟ သူလို့ဟို ခေါ်ယွေ့ သူလို့ရဲ့ ဒဏ်ရာများဟို ဆေးကြောပေးအယ်။ အေးနောက် ခုတင်ချင်း သူနဲ့ သူ့မိသားစုအားလုံးလို့ဟ နှစ်ခြင်းခံကြအယ်။ 34 အဲပင်းရင် သူဟ ပေါလုနဲ့ သိလလို့အား မိမိရဲ့နေအိုင်ဟို ဖိတ်ခေါ်ယွေ့ စားစရာများဟို တည်ခင်း ကျွေးမွေးအယ်။ သူနဲ့ သူရဲ့ အိုင်သားလို့ဟ ဘုရားသခင်ဟို ယုံကြည်လာကြသောကျောန့် ဝမ်းမြောက်ခြင်းနဲ့ ပြေ့လေအယ်။
35 နောက်တနေ့ မိုးလင်းသောအခါ ရောမအာဏာဆိလို့ဟ အရာဆိများဟို စေလွှတ်ယွေ့ "အေးလူလို့ဟို လွှတ်စေ" ဟု အမိန့်ပေးလိုက်အယ်။
36 အေးကျောန့် ထောင်မှူးဟ ပေါလုအား "အရာဆိလို့ဟ နင်နဲ့ သိလလို့အား လွှတ်ပေးရန် အမိန့်ပေးပါအယ်။ အေးကျောန့် နင်လို့ ငြိမ်းချမ်းစွာ သွားကြပါ" ဟု ပြောအယ်။
37 အဲလိုလဲ ပေါလုဟ အရာဆိလို့အား "ရောမနိုင်ငံသားများဖြစ်သော ငါလို့အား စစ်ကြောစီရင်ခြင်း မလုပ်ဘဲ ငါလို့ဟို လူများဆေ့တွင် ဖိုင်ယွေ့ အကျဉ်းချထားကြအယ်။ အခု ငါလို့ဟို တိတ်တိတ်လေး လွှတ်လိုက်ကြမယ်လော။ အေးလို့ မလုပ်သင့်။ သူလို့တတ်တိုင်း လာယွေ့ ငါလို့ဟို ထုတ်ကြပါစေ" လို့ ပြောအယ်။
38 အရာဆိလို့ဟလည်း အေးအကျောန်းဟို ရောမ အရာဆိလို့အား ပြန်ပြောကြအယ်။ ပေါလုနဲ့ သိလလို့ဟ ရောမနိုင်ငံသားများ ဖြစ်ကျောန်းဟို သူလို့ ကြားသောအခါ ကြောက်လန့်ကြအယ်။ 39 အေးကျောန့် သူလို့ဟ လာယွေ့ သူလို့အား တောင်းပန်ကြကာ သူလို့ဟို ထောင်မှထုတ်ပင်း အေးမြို့မှထွက်သွားရန် ပြောကြအယ်။ 40 ပေါလုနဲ့ သိလလို့ဟ ထောင်ထဲမှ ထွက်ယွေ့ လုဒိရဲ့ နေအိုင်ဟို သွားကြအယ်။ အဲမှာ သူလို့ဟ ယုံကြည်သူလို့နဲ့ တွေ့ဆုံကာ တိုက်တွန်းအားပေးစကား ပြောကြားပင်းမှ ထွက်သွားကြအယ်။