Pular para o conteúdo
Publicidade

တမန်တော် 18

ကောရိန့်မြို့မှာ အမှုတော်ဆောင်ခြင်း

1 အေးနောက် ပေါလုဟ အာသင်မြို့မှ ထွက်ခွာပင်း ကောရိန့်မြို့ဟို ရောက်လေအယ်။ 2 အေးမှာ ပုန္တုပြေသား အာကုလ နာမယ်ဆိလဲ့ ယုဒအမျိုးသား တယောက်နဲ့ တွေ့ဆုံအယ်။ ယုဒအမျိုးသားများအားလုံး ရောမမြို့မှ ထွက်သွားရန် ကလောဒိဘုရင် အမိန့်ထုတ်ပြန်သဖြင့် သူဟ သူရဲ့ပေါင်အိုမ ပြစ်ကိလနဲ့အတူ မခင်ဟ ဣတလိပြေမှ လာခဲ့ကြခြင်း ဖြစ်အယ်။ ပေါလုဟ သူလို့ဟို တွေ့ရန် သွားယွေ့၊ 3 အလုပ်ချင်း တူနေသောကျောန့် သူလို့နဲ့ အတူနေပင်း အလုပ်အတူတူ လုပ်ကြအယ်။ ပစာကို့ သူလို့ဟ ယာယီတဲဟို ချုပ်သောသူ ဖြစ်အယ်။ 4 ယုဒအမျိုးသားနဲ့ ဟေလသအမျိုးသားများဟို ဖြားယောင်းယွေ့ သူဟ ဥပုသ်နေ့တိုင်း တရားဇရပ်တွင် တရားဆွေးနွေးအယ်။

5 သိလနဲ့ တိမောသေလို့ မာကေဒေါနိပြေမှ ရောက်လာကြသောအခါ၊ ပေါလုဟ သူရဲ့ အချိန်အားလုံးဟို နှုတ်ကပတ်တော် ဟောပင်း၊ ယေရှုဟ မေဆှိယဖြစ်ကျောန်းဟို ယုဒအမျိုးသားလို့အား သက်သေခံလေအယ်။ 6 ယုဒလူလို့ဟ သူ့ဟို မကောင်းသောအရာများ အကျောန်းဟို ပြောဆိုသောအခါ၊ ပေါလုဟ မိမိအဝတ်မှ ဖုန်များဟို ပုတ်ချယွေ့ သူလို့အား "နင်လို့ သေကြေပျက်စီးကြရင် နင်လို့ရဲ့ တာဝန်ပင် ဖြစ်အယ်၊ ငါ့မှာ တာဝန် မဆိတော့ပီ။ အခုမှစယွေ့ ငါဟ လူမျိုးခြားလို့ဆေ သွားတော့မယ်" ဟု ဆိုအယ်။ 7 အေးနောက် အေးသူလို့ဆေမှ ထွက်သွားပင်း ဘုရားသခင်ဟို ကိုးကွယ်သူ တိတုယုတ္တု နာမယ်ဆိသော လူမျိုးခြားရဲ့ နေအိုင်ဟို သွားပင်း နေထိန်အယ်။ အေးနေအိုင်ဟ တရားဇရပ်နဲ့ ကပ်လျက်ဆိအယ်။ 8 တရားဇရပ်မှူး ကရိပ္ပုနဲ့ သူ့အိုင်သူအိုင်သားအားလုံးဟ သူနဲ့အတူ အဆှင်ဟို ယုံကြည်ကြအယ်။ အခြား ကောရိန့်မြို့သားများဟ တရားစကားဟို ကြားရပင်း ယုံကြည်ကြကာ နှစ်ခြင်းဟို ခံကြအယ်။

9 တညနှိုက် ဘုရားသခင်ဟ ပေါလုဟို ရူပါရုံအားဖြင့် "မကြောက်ကြနဲ့၊ အဲလိုလဲ ဆက်လက် ပြောဆိုပင်း အရှုံးမပေးနဲ့၊ 10 အကျောန်းမှာ ငါဟ နင်လို့နဲ့အတူ ဆိအယ်။ တယောက်မှ နင်လို့ဟို နာကျင်အောန် မပြုလုပ်နိန်။ ဟေမြို့နှိုက် ငါ့ရဲ့ လူများစွာ ဆိကြအယ်" ဟု မိန့်အယ်။ 11 အေးကျောန့် ပေါလုဟ အေးမြို့တွင် တနှစ်ခွဲလောက် နေထိန်ပင်း၊ ဘုရားသခင်ရဲ့ နှုတ်ကပတ်တရားဟို လူများလို့အား သွန်သင်လျက်နေအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.