17 " ‘ဘုရားသခင် ပြောတာဟ နောက်ဆုံးသော နေ့ရက်များမှာ ငါ လုပ်မဲ့အရာဟ ဟေလို ဖြစ်လိမ့်မယ်၊
လူတိုင်းအပေါ်ဟို ငါရဲ့ ဝိညာဉ်တော် သွန်းလောင်းမယ်။
နင်လို့ရဲ့ အောင်နီငယ်များနဲ့ မိနီငယ်များဟ ငါရဲ့ သတင်းစကားဟို ဟောပြောလိမ့်မယ်၊
လူငယ်များဟ ဗျာဒိတ် ရူပါရုံများဟို မျော်ရကြလိမ့်မယ်၊
အားပင်း လူအိုလို့ဟ အိပ်မက်များ မက်ကြလိမ့်မယ်။
18 ဟုတ်အယ်၊ ငါရဲ့ အစေခံများ ယောက်ျားနဲ့ မိန်းမများတောင်မှ
ငါရဲ့ ဝိညာဉ်တော်ဟို အေးနေ့ရက်များမှာ သွန်းလောင်းလိမ့်မယ်၊
အားပင်း သူလို့ဟ ငါရဲ့ သတင်းစကားဟို ဟောပြောကြလိမ့်မယ်။