38 ပေတရုဟ သူလို့ဟို "နင်လို့ အယောက်စီတိုင်း အပစ်မှ နောင်တရကြပင်း၊ နင်လို့ အပစ်များ ဖြေလွှတ်စေရန် ယေရှု ခရစ်ရဲ့ နာမနှိုက် နှစ်ခြင်းဟို ခံလော့။ အားပင်း နင်လို့ဟ သန့်ဆှင်းသော ဝိညာဉ်တော် တည်းဟူသော ဘုရားသခင်ရဲ့ လက်ဆောင်ဟို ရဆိကြလိမ့်မယ်။ 39 အကျောန်းမှာ ဟေကတိတော်ဟ နင်နဲ့ နင်လို့ရဲ့ လူပဲ့များမှ စယွေ့ အဝေးနှိုက်ဆိသော သူအားလုံးဖြစ်ကြသော ငါလို့ရဲ့ ဘုရားသခင် ထာဝရဘုရား ခေါ်သော သူလို့အတွက် ဖြစ်အယ်" ဟု ဆိုလေအယ်။
Publicidade