Pular para o conteúdo
Publicidade

တမန်တော် 2

42 အဲသူလို့ဟ တမန်တော်လို့ရဲ့ ဆုံးမဩဝါဒဟို ခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ စုပေါင်းနေထိန် စားသောက်ခြင်း၊ ပွဲတော်မင်္ဂလာဝင်ခြင်း၊ အတူတကွ ဆုတောင်းခြင်းလို့ဖြင့် အချိန်ဟို ကုန်လွန်စေကြအယ်။

ယုံကြည်သူလို့ရဲ့ အသက်ဆှင်လှုပ်ဆှားမှု

43 တမန်တော်လို့ဟ ရမ်းဆာ့သော အံ့ဩဖွယ်ရာများနဲ့ နိမိတ်လက္ခဏာများဟို ပြကြသဖြင့် လူအပေါင်းလို့ဟ အံ့ဩမှုနဲ့ ပြေ့ကြအယ်။ 44 ၂.၄၄ တ ၄.၃၂–၃၅ယုံကြည်သောသူအပေါင်းလို့ဟ တစုတဝေးတည်း နေထိန်ယွေ့ မိမိလို့ပိုင်ဆိုင်လဲ့ ဥစ္စာပစ္စည်းများဟို သူလို့အချင်းချင်း ဝေမျှသုံးစွဲကြလေအယ်။ 45 မိမိလို့ရဲ့ ဥစ္စာပစ္စည်းများဟို ရောင်းချယွေ့ လိုအပ်နေသော သူတယောက်စီတိုင်းဟို ပေးကြအယ်။ 46 သူလို့ဟ နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် အတူတကွ ဆက်လက်ယွေ့ တွေ့ဆုံကြအယ်။ သူလို့ဟ မိမိလို့ နေအိုင်များတွင် နှိမ့်ချသောစိတ်ဖြင့် ဝမ်းမြောက်စွာ အတူတကွ အစာအာဟာရဟို သုံးဆောင်ကြအယ်။ 47 ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟို ချီးမွန်းလျက် လူအပေါင်းလို့ရဲ့ အဆေ့တွင် မျက်နှာရ ကြအယ်။ ကယ်တင်ခြင်းသို့ ရောက်သောသူလို့ဟိုလည်း သခင်ဘုရားဟ နေ့စဉ်နေ့တိုင်း တိုးပွားစေအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.