ခြေမသန်စွမ်းသူဟို ကျန်းမာစေခြင်း
1 တနေ့သောအခါ ဆုတောင်းချိန် မွန်းလွဲသုံးနာရီတွင် ပေတရုနဲ့ ယောဟန်လို့ဟ ဗိမာန်တော်ဟို သွားကြအယ်။ 2 မွေးရာပါ ခြေမသန်စွမ်းသူ လူတဦးဟို တင့်တယ်ဟုခေါ်လဲ့ ထင်ခါးနားဟို ထမ်းလာကြအယ်၊ အဲဗိမာန်တော်ထဲဟို လာကြသော သူများဆေမှ ပိတ်ဆန် တောင်းနိန်ရန်အတွက် သူ့ဟို ဗိမာန်တော် ထင်ခါးအနီးတွင် နေ့တိုင်းချထားလေ့ ဆိကြအယ်။ 3 သူဟ ပေတရုနဲ့ ယောဟန်လို့ ဗိမာန်တော်ထဲသို့ ဝင်မယ်လုပ်တာဟို မျော်သောအခါ တစုံတရာပေးရန် သူလို့ဟို တောင်းလေအယ်။ 4 ပေတရုနဲ့ ယောဟန်လို့ဟ သူ့ဟို တန်းတန်းကျေ့ကြပင်း ပေတရုဟ "ငါလို့ဟို ကျေ့လော့" ဟု ပြောအယ်။ 5 အဲအခါ သူဟ သူလို့ဆေမှ တစုံတခု ရဆိမယ်အထင်နဲ့ သူလို့ဟို အာရုံစိုက်ယွေ့ ကျေ့လေအယ်။ 6 အဲလိုလဲ ပေတရုဟ သူ့အား "ငါ့မှာ ဆွေ အဲဟာမဟုတ်ရင် ပိတ်ဆန် မဆိ၊ အဲလိုလဲ ဆိလဲ့အရာဟို နင်အား ငါ ပေးမယ်၊ နာဇရက်မြို့သား ယေရှု ခရစ်တော်ရဲ့ နာမတော်အားဖြင့် ထယွေ့ လှမ်းသွားလော့" ဟု ဆိုအယ်။ 7 အဲပင်းရင် သူထဖို့ သူရဲ့ ညာဖက်လက်ဟို ဆွဲပင်း မလိုက်အယ်။ ခုတုံးပင် သူရဲ့ ခြေထောက်နဲ့ ခြေကျင်းဝတ်များဟ သန်မာလာသဖြင့်၊ 8 သူဟ ထခုန်ပေါက်ပင်း မတ်တတ်ရပ်ကာ၊ စတင်ပင်း လမ်းဆှောက်လေအယ်။ အဲပင်းရင် လမ်းဆှောက်လျက်၊ ခုန်ပေါက်လျက်၊ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းလျက် သူလို့နဲ့အတူ ဗိမာန်တော်ထဲဟို လိုက်သွားအယ်။ 9 အဲသူဟ ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းလျက် လမ်းဆှောက်တာဟို လူအပေါင်းလို့ဟ မျော်ယွေ့၊ 10 အဲသူဟ ဗိမာန်တော် တင့်တယ် ထင်ခါးနားတွင် ထိန်နေလေ့ဆိလဲ့ ကျောန်နန် ဖြစ်ကျောန်းဟို မှတ်မိကြသောအခါ သူလို့ဟ အဲသူတွင် ဖြစ်ပျက်လဲ့ အမှုအရာဟို ရမ်းဆာ့ အံ့ဩယွေ့ မိန်းမောတွေဝေကြအယ်။