29 ထာဝရဘုရား၊ အခု အေးသူလို့ရဲ့ ခြိမ်းခြောက်ခြင်းဟို ရှုမှတ်ပင်း ကိုယ်တော်ရဲ့ အစေခံလို့အား တရားတော်ဟို ရဲရင့်စွာ ဟောပြောနိန်ခွင့်ဟို ပေးသနားပါ။ 30 တချိန်တည်းမှာပင် အနာရောဂါများဟို ငြိမ်းစေရန် ကိုယ်တော်ရဲ့ လက်တော်ဟို ဆန့်တန်းယွေ့ ကိုယ်တော်ရဲ့ သန့်ဆှင်းသော အစေခံ ယေရှု နာမအားဖြင့် နိမိတ်လက္ခဏာများနဲ့ အံ့ဩဖွယ်ရာများဟို ပြုခွင့်ပေးပါ" ဟု ဆုတောင်းကြအယ်။
Publicidade