51 "နင်လို့ဟ စလောက် ခေါင်းမာကြလုန်း" ဟု သတေဖန်ဟ ဆက်ပြောအယ်။ "နင်လို့ဟ ဘုရားသခင်ရဲ့ တရားစကားဟို နားထောင်ရန် နင်လို့ စိတ်နေလုံးလို့ စလောက် ခိုင်မာကြလုန်း၊ နင်လို့ဟ မိမိလို့ ဖိုးဖေးများလိုမျိုး သန့်ဆှင်းသော ဝိညာဉ်တော်ဟို အမြဲတမ်း ဆန့်ကျင်ဖက်ပြု ကြအယ်။ 52 နင်လို့ ဖိုးဖေးများ မနှိပ်စက်မညှဉ်းဆဲဖူးလဲ့ ပရောဖက်တပါးပါး ဆိသလော။ သူလို့ဟ ဖြောင့်မတ်သောသူ ကြွလာမဲ့အကျောန်းဟို ကြိုတင်ဟောကြားကြလဲ့ သူများဟိုပင် သတ်ခဲ့ကြအယ်။ အခု နင်လို့ဟ အဲအဆှင်ဟို သစ္စာဖောက်ယွေ့ သတ်ဖြတ်ကြပီ။