18 တမန်တော်လို့ရဲ့ လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ဟို ယုံကြည်သူလို့ရဆိကျောန်းဟို ရှိမုန် မျော်ရင်၊ သူဟ ပိတ်ဆန်ဟို ပေတရုနဲ့ ယောဟန်ဆေမှာ ပေးလှူကာ၊ 19 "ငါ လက်တင်သောသူတိုင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံရစေနိန်သော တန်ခိုးဟို ငါ့အားလည်း ပေးပါ" ဟု ဆိုအယ်။
20 ပေတရုဟ "နင်ဟ ဘုရားသခင်ရဲ့ ဆုကျေးဇူးတော်ဟို ပိတ်ဆန်နဲ့ ဝယ်ယူမယ်ဟု ထင်သောကျောန့် နင်ရဲ့ ပိတ်ဆန်ဟ နင်နဲ့အတူ ပျက်စီးပါစေ။