18 တမန်တော်လို့ရဲ့ လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ဟို ယုံကြည်သူလို့ရဆိကျောန်းဟို ရှိမုန် မျော်ရင်၊ သူဟ ပိတ်ဆန်ဟို ပေတရုနဲ့ ယောဟန်ဆေမှာ ပေးလှူကာ၊ 19 "ငါ လက်တင်သောသူတိုင်းဟ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ခံရစေနိန်သော တန်ခိုးဟို ငါ့အားလည်း ပေးပါ" ဟု ဆိုအယ်။
20 ပေတရုဟ "နင်ဟ ဘုရားသခင်ရဲ့ ဆုကျေးဇူးတော်ဟို ပိတ်ဆန်နဲ့ ဝယ်ယူမယ်ဟု ထင်သောကျောန့် နင်ရဲ့ ပိတ်ဆန်ဟ နင်နဲ့အတူ ပျက်စီးပါစေ။ 21 ဘုရားသခင်ရဲ့ ဆေ့တွင် နင့်ရဲ့ စိတ်ထား မမန်ကန်သောကျောန့် ဟေအလုပ်တွင် နင်မပါဝင်နိန် အဲဟာမဟုတ်ရင် နင့်ဝေစုလည်း မဆိ။ 22 အဲလိုမို့ နင်နှိုက်ဆိသော ဟေဆိုးညစ်မှုအတွက် နောင်တရလျက် ဘုရားသခင်ဆေ ဆုတောင်းကြလော့၊ အေးလို့လုပ်ရင် နင့်စိတ်နေလုံးရဲ့ အကြံအစည်အတွက် နင်ဟ ခွင့်လွှတ်ခြင်း ခံရကောင်း ခံရလိမ့်မယ်။ 23 အကျောန်းမှာ နင်ဟ မနာလိုစိတ်နဲ့ ပြေ့နေယွေ့ အပစ်ရဲ့ အနှောင်အဖွဲ့နှိုက် ဆိနေတာဟို ငါမျော်အယ်" ဟု ဆိုအယ်။
24 ရှိမုန်ဟ "နင်လို့ ပြောလဲ့အရာတခုမျှ ငါ့အပေါ် မသက်ရောက်စေရန် ဘုရားသခင်နား ငါ့အတွက် ဆုတောင်းပေးကြပါ" ဟု ပြန်ပြောလေအယ်။