Pular para o conteúdo
Publicidade

လုကာ 1

ယေရှု မွေးမဲ့အကျောန်း ဟောကြားချက်

26 ဧလိရှဗက် လူပဲ့စွဲစာ ခြောက်လထဲ ရောက်သောအခါ ဘုရားသခင်ဟ ခေါန်းခင်တမန် ဂါဗြေလအား ဂါလိလဲပြေ နာဇရက်မြို့ဆိ မိန်းမပျိုတဦးဆေဟို စေလွှတ်အယ်။ 27 ၁.၂၇ မ ၁.၁၈အဲအပျိုကညာဟ ဒါဝိဒ်မင်းမှ ဆင်းသက်သူ ယောသပ် နာမယ်ဆိသော ကွင်တယောက်နဲ့ နားဖောက်ထားသူ ဖြစ်အယ်။ သူမ နာမယ်ဟ မာရိ ဖြစ်အယ်။ 28 ခေါန်းခင်တမန်ဟ မာရိဆေဟို လာယွေ့ "ရမ်းဆာ့ ကောင်းကြီးဟို ခံစားရသော မိနီ၊ နင်နဲ့အတူ ငြိမ်သက်ခြင်း ဆိပါစေ၊ သခင်ဘုရားဟ နင်နဲ့အတူ ဆိအယ်" ဟု ပြောအယ်။

29 မာရိဟ ခေါန်းခင်တမန်ရဲ့ စကားကျောန့် စိတ်မငြိမ်မသက်ဖြစ်ကာ ဟေနှုတ်ဆက်စကားဟ စလိုလုန်းဟု တွေးတောဆင်ခြင်လျက် နေအယ်။ 30 ခေါန်းခင်တမန်ဟ "မာရိ၊ မကြောက်နဲ့၊ နင်ဟ ဘုရားသခင် ဆေ့မှာ မျက်နှာရပီ။ 31 ၁.၃၁ မ ၁.၂၁နင်ဟ လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးလိမ့်မယ်၊ အဲအောင်နီငယ်ဟို ယေရှုလို့ နာမယ် မှည့်ရမယ်။ 32 အောင်နီငယ်ဟ ကြီးမြတ်လိမ့်မယ်၊ အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ သားတော်ဟု အခေါ်ခံရလိမ့်မယ်။ သခင် ဘုရားသခင်ဟ သူ့အဖ ဒါဝိဒ်မင်းရဲ့ ရာဇပလ္လင်ဟို သူ့အား ပေးလိမ့်မယ်။ 33 သူဟ ယာကုပ်အမျိုးဟို အစဉ်အမြဲ အုပ်ချုပ်လိမ့်မယ်၊ အေးသူရဲ့ နိုင်ငံဟလည်း ပစာခါမှ ကုန်ဆုံးလိမ့်မယ် မဟုတ်" ဟု မာရိအား ဟောအယ်။

34 မာရိဟ "ငါသည် အပျိုကညာ ဖြစ်သဖြင့် စလို လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးနိန်မှာလုန်း" ဟု ခေါန်းခင်တမန်ဟို မေးအယ်။

35 ခေါန်းခင်တမန်ဟ "သန့်ဆှင်းသော ဝိညာဉ်တော်ဟ နင်ရဲ့ အပေါ်ဟို သက်ရောက်ပင်း အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ တန်ခိုးတော်ဟ နင့်ဟို လွှမ်းမိုးလိမ့်မယ်။ အဲအကျောန်းကျောန့် သန့်ဆှင်းသော သားဟလည်း ဘုရားသခင်ရဲ့ အောင်နီဟု ခေါ်ခြင်းဟို ခံရလိမ့်မယ်။ 36 နင်ရဲ့ ဆွေမျိုးဖြစ်သော ဧလိရှဗက်ဟလည်း အသက်ကြီးသောအခါမှ လူပဲ့စွဲလျက် ဆိအယ်၊ အမြုံမလို့ အခေါ်ခံရသူဟ လူပဲ့စွဲယွေ့ အခု ခြောက်လအဝင် ဆိပီ။ 37 ဘုရားသခင် မတတ်နိန်သောအမှုအရာ တခုမှမဆိ" ဟု ဟောအယ်။

38 မာရိဟ "ကျွန်မသည် သခင်ဘုရားရဲ့ အစေခံ ဖြစ်ပါအယ်။ ကိုယ်တော်ရဲ့ စကားအတိုင်း ငါနှိုက် ဖြစ်ပါစေသော" ဟု ခေါန်းခင်တမန်အား ပြန်ပြောအယ်၊ အဲအခါ ခေါန်းခင်တမန်ဟ သူမဆေမှ ထွက်သွားအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.