Pular para o conteúdo
Publicidade

လုကာ 1

မာရိရဲ့ ချီးမွန်းသီချင်း

46 မာရိဟ

"ငါရဲ့ စိတ်နေလုံးဟ သခင်ဘုရားဟို ချီးမွန်းအယ်။

47 ငါ့ဟို ကယ်တင်သောအဆှင် ဘုရားသခင်ဟို အမှီပြုယွေ့ ငါ့စိတ်ဝိညာဉ်ဟ ရွှင်လန်းပါအယ်။

48 ကိုယ်တော်ဟ မိမိအစေခံရဲ့ နိမ့်ကျသောအဖြစ်ဟို သတိရပီ၊

အခုမှစယွေ့ နောင်လာမဲ့ လူသားအပေါင်းလို့ဟ ငါ့ဟို မင်္ဂလာဆိသူဟု ခေါ်ကြလိမ့်မယ်။

49 ပစာကို့ တန်ခိုးကြီးသော ဘုရားသခင်ဟ ငါ့ဖို့ အံ့ဖွယ်သောအမှုများဟို ပြုသောကျောန့် ဖြစ်အယ်။

ကိုယ်တော်ရဲ့ နာမတော်ဟ မြင့်မြတ်သန့်ဆှင်းအယ်၊

50 မျိုးဆက် တဆက်မှ နောက်တဆက်အထိ

ကိုယ်တော်ဟို ရိုသေသူအပေါင်းလို့အား ကရုဏာတော်ဟို ပြသအယ်။

51 ကိုယ်တော်ဟ ခွန်အားကြီးသော လက်ရုံးတော်ဟို ဆန့်ယွေ့၊

မာနထောင်လွှားသော သူလို့ဟို အကြံအစည် ဆိသမျှနဲ့ ကွဲလွင့်စေပီ။

52 ဘုရင်များဟို သူလို့ ပလ္လင်ပေါ်မှ ချယွေ့၊

နှိမ့်ချသောသူများဟို ချီးမြှောက်ပီ။

53 ဖိုက်ဆာသောသူလို့အား ကောင်းသောအရာများနဲ့ ကျွေးမွေးယွေ့၊

ချမ်းသာသောသူများဟို လက်ချဲချဲ လွှတ်လိုက်ပီ။

54 ကိုယ်တော်ဟ ငါလို့ရဲ့ ဖိုးဖေးများအား ပေးခဲ့လဲ့ ကတိတော်နဲ့အညီ၊

မိမိရဲ့ အစေခံ ဣသရေလလူလို့ဟို မစပီ။

55 အာဗြဟံနဲ့ သူရဲ့ အမျိုးနွယ်လို့ဆေ ထားသော ကရုဏာဟို

အစဉ်အမြဲ ပြုခြင်းငှာ သတိရပီ" ဟု ဆိုအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.