နှစ်ခြင်း ယောဟန် မွေးမဲ့အကျောန်း ပြောကြားချက်
5 ယုဒပြေ၁.၅ ယုဒပြေ၊ အေးမှာအသုံးအနှုန်းဟ ပါလတိနပြေ (ပါလက်စတိုင်း) ရဲ့ နယ်တနယ်လုံးဟို ရည်ညွှန်းအယ်။ဘုရင် ဟေရုဒ်မင်း လက်ထပ်နှိုက် ဇာခရိ နာမယ်ဆိသော ယဇ်ပုရောဟိတ်တပါး ဆိအယ်၊ အေးလူဟ အဘိယ ယဇ်ပုရောဟိတ်အဖွဲ့ဝင် ဖြစ်အယ်။ အေးလူရဲ့ ပေါင်အိုမဟ ဧလိရှဗက် နာမယ်တွင်အယ်၊ ဧလိရှဗက်ဟလည်း အာရုန်အနွယ်ဝင် ဖြစ်အယ်။ 6 အဲသူ နေဦးလုံးဟ ဘုရားသခင်ရဲ့ ဆေ့တွင် သူတော်ကောင်းများ ဖြစ်ကြအယ်။ သခင်ဘုရားရဲ့ ပညတ်တော်ဆိသမျှနဲ့ ညွှန်ကြားချက်များဟို တခုမကျန် နားထောင်ကြအယ်။