Pular para o conteúdo
Publicidade

လုကာ 1

59 တပတ်မြောက်သောနေ့နှိုက် သူလို့ဟ အောင်နီငယ်ရဲ့ အရေဖျားလှီးခြင်း ပေးရန် လာကြယွေ့ သူ့အား ဇာခရိဟူယွေ့ အဖရဲ့ နာမယ်ဟို ပေးချင်ကြအယ်။ 60 အဲလိုလဲ သူ့ရဲ့ အမေ့ဟ "အေးနာမယ်ကို မမှည့်ပါနဲ့၊ ယောဟန်လို့ မှည့်ခေါ်ကြပါ" ဟု ဆိုအယ်။

61 လူလို့ဟ "နင်ရဲ့ အမျိုးတွင် ယောဟန်လို့ နာမယ်တွင်သူ တယောက်မှမဆိ" ဟု သူမအား ပြောကြအယ်။ 62 အဲပင်းရင် သူ့ဖဟို လက်ဟန်ခြေဟန်နဲ့ ပြယွေ့ စလို မှည့်စေလိုလောဟု မေးကြအယ်။

63 ဇာခရိဟ ကျောက်သင်ပုံးတချပ်ကို တောင်းယူပင်းရင်၊ "အောင်နီငယ်ရဲ့ နာမယ်ဟ ယောဟန် ဖြစ်အယ်" ဟု ရေးအယ်၊ အေးအခါ အဲသူအပေါင်းလို့ဟ ရမ်းဆာ့ အံ့သြကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.