Pular para o conteúdo
Publicidade

လုကာ 1

ဇာခရိရဲ့ ပရောဖက်ပြုချက်

67 ယောဟန်ရဲ့ အဖ ဇာခရိဟ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့ ပြေ့ဝလျက် ဟောကြားတာဟ၊

68 "ဣသရေလ လူမျိုးလို့ရဲ့ ဘုရားသခင်ဟို ချီးမွန်းကြလော့၊

ကိုယ်တော်ဟ ဣသရေလ လူမျိုးလို့ ဆေဟို ကြွလာယွေ့ သူလို့ဟို လွတ်မြောက်စေပီ။

69 ကိုယ်တော်ရဲ့ အစေခံ ဒါဝိဒ်အမျိုးတွင်၊

ငါလို့အတွက် တန်ခိုးကြီးသော ကယ်တင်ဆှင် ပေါ်ထွန်းပီ။

70 မခင်ဟ သန့်ဆှင်းမြင့်မြတ်သူ ပရောဖက်များမှ တဆင့်

71 ကိုယ်တော်ဟ ငါလို့အား ရန်သူများရဲ့ လက်မှ လည်းကောင်း၊

ငါလို့ဟို မုန်းသောသူအပေါင်းလို့ရဲ့ လက်မှ လည်းကောင်း ကယ်တင်ရန်၊

72 ငါလို့ရဲ့ ဖိုးဖေးများအပေါ်မှာ ကရုဏာထားမယ် ဖြစ်ကျောန်းနဲ့၊

သန့်ဆှင်းသော ပဋိညာဉ်ဟို သတိရမယ် ဖြစ်ကျောန်း မိန့်ခဲ့ပီ။

73,74 ငါလို့ရဲ့ ဖိုးဖေးများအပေါ် ကရုဏာတော်ဟို ပြသရန်နဲ့

ငါလို့ဟို ရန်သူများရဲ့ လက်မှ ကယ်တင်ယွေ့

ကိုယ်တော်ရဲ့ အစေဟို ကြောက်ရွံ့ခြင်း ကင်းလျက် ဆောင်ရွက်စေမယ်ဟု ငါလို့ရဲ့ အဖ အာဗြဟံအား ကျိန်ဆိုခဲ့ပီ။

75 ငါလို့ရဲ့ ဖဝါ့တခုလုံး ဘုရားသခင် ဆေ့နှိုက်၊

သန့်ဆှင်းပင်း ဖြောင့်မတ်သောသူ ဖြစ်မဲ့အကျောန်းတည်း။

76 "အောင်နီငယ်၊ နင်ဟ အမြင့်မြတ်ဆုံးသော ဘုရားသခင်ရဲ့ ပရောဖက်လို့ အခေါ်ခံရလိမ့်မယ်၊

နင်ဟ အဆှင်အတွက် လမ်းဟို အသင့် ပြင်ဆင်ရလိမ့်မယ်

ဆေ့ပြေး ဖြစ်ပင်းရင်၊

77 ကိုယ်တော်ရဲ့ လူစုအား အပစ်ဖြေလွှတ်ယွေ့၊

ကယ်တင်မဲ့အကျောန်း ဟောကြားလိမ့်မယ်။

78 ငါလို့ရဲ့ ဘုရားသခင်ဟ သနားခြင်း ကရုဏာနဲ့ ကြွယ်ဝသောကျောန့်

ကိုယ်တော်ဟ ကယ်တင်ခြင်းဟို ခေါန်းခင်မှ နေအရုဏ်ဟ ငါလို့အပေါ်ဟို သက်ရောက်စေယွေ့၊

79 မိုက်နဲ့ သေမင်းရဲ့ အရိပ်တွင် နေထိန်သူများအပေါ် ထွန်းလင်း စေလိမ့်မယ်၊

ငါလို့အား ငြိမ်းချမ်းရေး လမ်းဟို ပို့ဆောင်စေလိမ့်မယ်" ဟု ဟောလေအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.