29 "အားကျောန့် စိတ်မပျက်နဲ့၊ ဖယ်လို စားရမယ် သောက်ရမယ်ဆိုတာဟို စိတ်မပူကြနဲ့။ 30 လောကမှာဆိလဲ့ မယုံကြည်သူလို့ဟ အေးအရာအားလုံးအတွက် အမြဲတမ်း စိုးရိမ်ကြအယ်။ နင်လို့ရဲ့ အဖဟ အေးအရာများဟို နင်လို့ အသုံးလိုကျောန်း သိအယ်။ 31 နင်လို့ဟ သူ့ရဲ့ နိုင်ငံတော်ဟို ဆှာကြလော့၊ နောက်မှ အေးအရာများဟိုလည်း နင်လို့အား ထောက်ပံ့ပေးလိမ့်မယ်။