Pular para o conteúdo
Publicidade

လုကာ 13

မသန်စွမ်းသူ အမျိုးသမီးဟို ဥပုသ်နေ့နှိုက် အနာငြိမ်းစေခြင်း

10 ဥပုသ်နေ့ တနေ့မှာ ယေရှုဟ တရားဇရပ်တခုတွင် ဟောပြောသွန်သင်နေအယ်၊ 11 ဆယ့်ဆစ်နှစ်လုံး နတ်ဆိုးဝင်ပူးသဖြင့် မသန်စွမ်းဖြစ်လျက်နေသော အမျိုးသမီးတယောက် ဆိအယ်။ သူဟ ကျောကုန်းငိုင်းကျယွေ့ ခါးလုံးလုံး မဆန့်နိန်ချေ။ 12 ယေရှုဟ အေးအမျိုးသမီးဟို မျော်သောအခါ သူ့ဆေ့ဟို ခေါ်ယွေ့ "အမျိုးသမီး၊ နင့်ရဲ့ အနာရောဂါဟနေ လွတ်ပီ" ဟု ပြောလေအယ်။ 13 ကိုယ်တော်ဟ အေးအမျိုးသမီးအပေါ် လက်တင်လိုက်သောအခါ ခုတုံးပင် သူ့ခါးဟ တန်းဆန့်သွားယွေ့ ဘုရားသခင်ဟို ချီးမွန်းလေအယ်။

14 ဥပုသ်နေ့တွင် ယေရှုဟ အနာရောဂါပျောက်စေလို့ ဆိုပင်း တရားဇရပ်အုပ်ချုပ်ရေးမှူးဟ စိတ်တိုပင်းလျှင် "ငါလို့မှာ အလုပ်လုပ်သင့်လဲ့နေ့ ခြောက်ရက် ဆိအယ်၊ အဲလိုမို့ ဟေဥပုသ်နေ့မှာတော့ အနာရောဂါငြိမ်းခြင်းဟို လာမလုပ်ကြပါနဲ့" ဟု လူလို့အား ပြောအယ်။

15 ကိုယ်တော်ဟ "သူတော်ကောင်းဟန်ဆောင်သူလို့ နင်လို့တွေဟ ဥပုသ်နေ့မှာ နင်လို့ရဲ့ မြည်းများ၊ နွားများအား တဲကုပ်မှ ကြိုးဟို ဖြေပင်း ယေသွားတိုက်တတ်ကြအယ် ဟုတ်ဝူးလော။ 16 တဆယ့်ဆစ်နှစ်လုံးလုံး စာတန်ရဲ့ တုပ်ချေခံရသော အာဗြဟံရဲ့ သမီးဖြစ်လဲ့ ဟေအမျိုးသမီးဟို ဥပုသ်နေ့မှာ အေးအနှောင်အဖွဲ့ဟ လွတ်ငြိမ်းခွင့် ပေးသင့်ဝူးလော" ဟု ပြောအယ်။ 17 အေးလို့ ပြောလိုက်သောအခါ ကိုယ်တော်ဟို ဆန့်ကျင်လိုသူများဟ အဆက်ကွဲ ကုန်ကြယွေ့၊ လူအပေါင်းလို့ဟ ကိုယ်တော် ပြုလုပ်လဲ့ အံ့ဩဖွယ် အမှုအားလုံးလို့အတွက် ဝမ်းမြောက်ကြအယ်။

မုန်ညင်းစေ့ ပုံဥပမာ

(မဿဲ ၁၃.၃၁,၃၂; မာကု ၄.၃၀–၃၂)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.