3 အေးလို့မို့ ယေရှုဟ သူလို့ဟို ပုံဥပမာ ပြောတာဟ၊
4 "နင်လို့ထဲမှာ တစုံတယောက်ဟ သိုးအကောင်တရာ ဆိယွေ့ တကောင်ပျောက်ဝါးရင် စလိုလုပ်မို့။ သူဟ ကိုးဆယ့်ကိုးကောင်လုံးဟို စားကျက်တွင် ထားခဲ့ပင်း ပျောက်ဝါးလဲ့သိုးဟို မတွေ့မချင်း လိုက်ဆာမယ် မဟုတ်လော။ 5 နင်လိုက်ဆာယွေ့ တွေ့သောအခါ ပျော်ရွှင်စွာနဲ့ ပခုံးပေါ် ထမ်းယွေ့ 6 နေအိုင်ဟို သယ်ပြန်လာမယ်။ အဲပင်းရင် အိုင်နီးချင်းနဲ့ မိတ်ဆွေများဟို ခေါ်ပင်း ‘ငါနဲ့အတူ ဝမ်းမြောက်ကြလော့၊ ပျောက်သော သိုးဟို ငါတွေ့ပီ’ ဟု ပြောအယ်။ 7 အေးနည်းတိုင်းတိုင်း နောင်တရစရာမလိုလဲ့ ဖြောင့်မတ်သောသူ ကိုးဆယ့်ကိုးယောက်ထက် နောင်တရလဲ့ အပစ်သားတဦးအတွက် ခေါန်းခင်ဘုံနှိုက် ပိုယွေ့ ကြီးသော ဝမ်းမြောက်ခြင်းဆိလိမ့်မယ်ဟု နင်လို့အား ငါဆိုအယ်။