Pular para o conteúdo
Publicidade

လုကာ 18

35 ယေရိခေါမြို့အနီးနှိုက် ရောက်လာစဉ်၊ မျက်စေ့မမျော်သော တယောက်ဟ လမ်းနားမှာ ထိန်ယွေ့ တောင်းစားလျက် နေအယ်။ 36 သူဟ လူအုပ်လို့ သွားသောသံဟို ကြားသောအခါ "ပစာရီးလုန်း" ဟု မေးအယ်။

37 သူလို့ဟ "နာဇရက်မြို့သား ယေရှု ဖြတ်သွားစာရီး" ဟု ပြောကြအယ်။

38 "ဒါဝိဒ်ရဲ့ သားတော် ယေရှု၊ ငါ့ဟို သနားမန့်" ဟု အော်ပြောလေအယ်။

39 ဆေ့မှာဆိသောလူလို့ဟ သူ့ဟို တိတ်တိတ်နေရန် ငေါက်ငမ်းယွေ့ ပြောကြအယ်။ အဲလိုလဲ သူဟ "ဒါဝိဒ်ရဲ့ သားတော်၊ ငါ့ဟို သနားမန့်" ဟု ပိုယွေ့ အော်ပြောလေအယ်။

40 အေးလို့မို့ ယေရှုဟ ရပ်တန့်လိုက်ပင်းနောက် အေးသူဟို ခေါ်ခဲ့ဟု ပြောအယ်။ သူအနား ရောက်လာသောအခါ ယေရှုဟ၊ 41 "နင့်ဖို့ ပစာလုပ်ပေးစေချင်လော" ဟု မေးသောအခါ သူဟ

"ဆရာ" "ငါမျက်စေ့ မျော်ချင်အယ်" ဟု ဖြေအယ်။

42 ယေရှုဟ "မျက်စေ့ မျော်စေ၊ နင့်ရဲ့ ယုံကြည်ခြင်းဟ နင့်ဟို မျော်စေပီ" ဟု ပြောအယ်။

43 အေးခဏချင်းတွင် သူဟ မျက်စေ့မျော်ယွေ့၊ ဘုရားသခင်ဟို ချီးမွန်းပင်း ကိုယ်တော်နောက်ဟို လိုက်အယ်။ အေးအရာဟို လူအုပ်ကြီးဟ မျော်သောအခါ ဘုရားသခင်ဟို ချီးမွန်းကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.