Pular para o conteúdo
Publicidade

လုကာ 2

ဗိမာန်တော်ထဲတွင် လူပဲ့သငယ် ယေရှု

41 ယေရှုရဲ့ မိဖလို့ဟ နှစ်စဉ် ပသခါပွဲချိန်နှိုက် ယေရုရှလင်မြို့ဟို သွားလေ့ဆိကြအယ်။ 42 ယေရှုဟ အသက် တဆယ့်နေနှစ် ဆိသောအခါ ပသခါပွဲဟို ထုံးစံအတိုင်း သွားကြအယ်။ 43 ပွဲတော်ပီးဆုံးချိန်နှိုက် သူလို့ အိုင်ဟို ပြန်ကြအယ်၊ အဲလိုလဲ အောင်နီငယ် ယေရှုဟ ယေရုရှလင်မြို့မှာ ကျန်ခဲ့အယ်၊ အေးလို့ ကျန်ခဲ့တာဟို မိဖလို့ သိကြမောင့်လဲ့။ 44 သူလို့ဟ အဖွဲ့နဲ့အတူ ဆိအယ်လို့ စိတ်ထင်ကြအယ်၊ တနေ့လုံး ခရီးသွားကြပင်းမှ ဆွေမျိုးအသိအကျွမ်းများထဲမှာ အောင်နီငယ်ဟို စတင်ဆှာကြအယ်။ 45 သူ့ဟို မတွေ့သောအခါ ယေရုရှလင်မြို့ဟို ပြန်သွားပင်း ဆှာကြအယ်။ 46 သူဟ ဗိမာန်တော်နှိုက် ယုဒဆရာများနဲ့အတူ ထိန်ကာ သူလို့အား တရားစကားများဟို နားထောင်ခြင်းနဲ့ မေးခွန်းများ မေးလျက်ဆိတာဟို မိဘလို့ဟ သုံးရက်ကြာပင်းမှ တွေ့ကြအယ်။ 47 သူရဲ့ စကားဟို ကြားကြသော သူအပေါင်းလို့ဟ သူရဲ့ အသိပညာနဲ့ ဖြေကြားချက်ဟို အံ့ဩကြအယ်။ 48 သူ့ရဲ့ မိဖလို့ဟ မျော်လျှင် မိန်းမောတွေဝေယွေ့ အမေဟ "ငါ့ အောင်နီငယ်၊ နင်ဟ ပစာကျောန့် ငါလို့အား ဟေသို့လုပ်လုန်း၊ နင့်ဖနဲ့ ငါဟ နင့်ဟို စိုးရိမ်ကြီးစွာနဲ့ ဆှာခဲ့ပီ" ဟု ပြောအယ်။

49 ယေရှုဟ "ပစာကျောန့် ငါ့ဟို ဆာကြလုန်း၊ ငါဟ ခမည်းတော်ရဲ့ အိုင်တွင် ဆိနေရမယ်ဟို သိကြဝူးလော" ဟု ပြန်ပြောလေအယ်။ 50 အဲလိုလဲ သူလို့ဟ အဲစကားဟို နားမလည်ကြ။

51 အဲပင်း ယေရှုဟ မိဖလို့နဲ့အတူ ပြန်သွားယွေ့ နာဇရက်မြို့ဟို ရောက်သောအခါ သူလို့ စကားဟို နားထောင်ပင်း နေအယ်။ သူ့ရဲ့ မေ့ဟ အေးအဖြစ်အပျက် အကုန်လုံးဟို သူမရဲ့ စိတ်နေလုံးထဲမှာ မှတ်ထားအယ်။ 52 ယေရှုဟ အစဉ်တိုင်း ကြီးလာယွေ့ ပညာတိုးတက်လျက် ဘုရားသခင်နဲ့ လူလို့ဆေ့တွင် မျက်နှာရအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.