19 အဲပင်းရင် ကိုယ်တော်ဟ မုန့်ဟို ယူယွေ့ ကျေးဇူးတော်ဟို ချီးမွန်းပင်းရင် မုန့်ဟို ဖဲ့ယွေ့၊ သူလို့အား ပေးအယ်၊ "ဟေမုန့်ဟ နင်လို့ဖို့ စွန့်သော ငါရဲ့ ခန္ဓာကိုယ် ဖြစ်အယ်။ ငါ့ဟို အောက်မေ့သတိရရန် ဟေသို့ပြုကြလော့" ဟု ပြောလေအယ်။ 20 အေးနည်းတိုင်းတိုင်းပင် ညစာစားပီးမှ မုတ်ဟို သူလို့အား ပေးယွေ့၊ ပြောတာဟ "ဟေမုတ်မှာ နင်လို့ဖို့ သွန်းသော ငါရဲ့ အသွေးအားဖြင့် တည်သော ဘုရားသခင်ရဲ့ ပဋိညာဉ်တရားသစ် ဖြစ်အယ်။၂၂.၂၀ တချို့ လက်ရေးမူကျမ်းများတွင် ဟေအရာဟ အခန်းငယ် ၁၉ တွင် ငါ့ရဲ့ ကိုယ်ခန္ဓာ ဖြစ်အယ်၊ အခန်းငယ် ၂၀ ပင်းနောက် ယေရှုရဲ့ စကားများ ပါဆိအယ်။
Publicidade