Pular para o conteúdo
Publicidade

လုကာ 23

33 "ဦးခေါင်းခွံ" ဟု နာမယ်တွင်သော အရပ်ဟို ရောက်သောအခါ ကိုယ်တော်နဲ့ ရာဇဝတ်သင့်သူများဟို လက်ဝါးကပ်တိုင်မှာ တင်ယွေ့ ညာဖက်တွင် တယောက်၊ ဘယ်ဖက်တွင် တယောက်ထားပင်းရင် လက်ဝါးကပ်တိုင်မှာ ရိုက်ထားကြအယ်။ 34 ယေရှုဟ "တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ"၂၃.၃၄ တချို့ လက်ရေးမူများတွင် ယေရှုဟ "တို့ဖ၊ အဲသူလို့အပစ်ဟို ဖြေလွှတ်ပေးပါ။ သူလို့ဟ မိမိလို့လုပ်နေလဲ့အမှုဟို မသိကြပါ" ဟု မပါဆိချေ။ ဟု မြွက်ဆိုလေအယ်။

သူလို့ဟ ကိုယ်တော်ရဲ့ အဝတ်များဟို မဲနှိုက်ယွေ့ အချင်းချင်း ခွဲယူကြအယ်။ 35 လူများလို့ဟ ရပ်လျက် ကျေ့နေကြအယ် ယုဒခေါင်းဆောင်များဟ "ဟေသူဟ အခြားသူလို့ဟို ကယ်တင်ခဲ့အယ်။ ခရစ်တော် တည်းဟူသော ဘုရားသခင် ရွေးချယ်ထားသောသူမန်ရင် ကိုယ့်တတ်တိုင်းကိုယ် ကယ်တင်ပါစေ" ဟု ကဲ့ရဲ့ယွေ့ ပြောလေအယ်။

36 စစ်သားများဟ ကိုယ်တော်ဟို စပျစ်ယေချဉ်ဟို တိုက်ယွေ့၊ 37 "နင်ဟ ယုဒဘုရင်ဖြစ်ရင် ကိုယ့်တတ်တိုင်းကိုယ် ကယ်တင်မန့်" ဟု လှောင်ပြောင်ကြအယ်။

38 ကိုယ်တော်ရဲ့ အပေါ်ဘက်နှိုက် "ဟေသူဟ ယုဒ ဘုရင် ဖြစ်အယ်" ဟု ရေးထားလေအယ်။

39 လက်ဝါးကပ်တိုင်တွင် ရိုက်ထားခြင်း ခံရသူ ရာဇဝတ်သားလို့ထဲမှ တဦးဟ "နင်ဟ ခရစ်တော် မဟုတ်လော။ နင့်တတ်တိုင်း နင်ကယ်ပင်း ငါလို့ဟိုလည်း ကယ်တင်မန့်" ဟု ကဲ့ရဲ့ပြောဆိုအယ်။

40 တခြားတဦးဟ သူ့ဟို ဆုံးမယွေ့ "နင်ဟ သူနဲ့ တူညီသော ပစ်ဒဏ်စီရင်ခြင်းဟို ခံရလျက်၊ ဘုရားသခင်ဟို မကြောက်သလော။ 41 ငါလို့ဟ ကိုယ်ပြုသောအပစ်နဲ့ အလျောက် ခံရတာမို့ တရားသဖြင့် ခံရကြအယ်၊ အဲလိုလဲ သူဟ ပစာအပစ်မှ မကျူးလွန်ခဲ့" ဟု ဆိုလေအယ်။ 42 အဲပင်းရင် ယေရှုအား "ကိုယ်တော် နိုင်ငံတော်တည်လျက် ကြွလာသောအခါ ငါ့ဟို သတိရပါ" ဟု သူဟ ပြောအယ်။

43 ယေရှုဟ သူ့အား "ငါ အမန်ပြောတာဟ ခုနေ့ပင် နင်ဟ ငါနဲ့အတူ ပရဒိသုဘုံမှာ ဆိလိမ့်မယ်" ဟု ပြောလေအယ်။

ယေရှု အသက်ချုပ်ခြင်း

(မဿဲ ၂၇.၄၅–၅၆; မာကု ၁၅.၃၃–၄၁; ယောဟန် ၁၉.၂၈–၃၀)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.