Pular para o conteúdo
Publicidade

လုကာ 5

18 လူအချို့လို့ဟ လေဖြတ်နေသောသူ တယောက်ဟို အိပ်ယာထမ်းစင်နဲ့ သယ်ဆောင်လာပင်း သူ့ဟို နေအိုင်ထဲဟို သယ်ပင်း ယေရှုဆေ့တွင် ချထားရန် ကြိုးစားကြအယ်။ 19 လူများသောကျောန့် အထဲဟို ဝင်စရာ နည်းလမ်း မတွေ့သဖြင့်၊ အိုင်မိုးပေါ်ဟို သယ်ခဲ့ပင်း အုတ်ကြွပ်ပြားဟို ဖွင့်ယွေ့ လူနာဟို အိပ်ယာနဲ့အတူ လူလို့အလယ် ယေရှုဆေ့ဟို လျှောချကြအယ်။ 20 ယေရှုဟ အေးသူလို့ရဲ့ ယုံကြည်ခြင်း စလောက်ဆိအယ်ဟို မျော်သောအခါ အေးလူဟို "မိတ်ဆွေ၊ နင်ရဲ့ အပစ်ဟို ငါ ခွင့်လွှတ်ပီ" ဟု မိန့်အယ်။

21 ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲများဟ "ဘုရားဟို ပစ်မားပြောဆိုသော ဟေသူဟ စသူလုန်း၊ အပစ်များမှ ခွင့်လွှတ်နိန်သူဟာ ဘုရားသခင် တဦးတည်းသာ ဖြစ်အယ်" ဟု သူလို့တတ်တိုင်း ဟောနေကြအယ်။

22 ယေရှုဟ သူလို့ စိတ်ထဲမှ အတွေးဟို သိရင် "ပစာကျောန့် နင်လို့ ဟေအရာများဟို တွေးနေကြလုန်း။ 23 ‘နင့်ရဲ့ အပစ်ဟို လွှတ်စေပီ’ လို့ပြောရဟာ ပိုပင်း လွယ်ကူသလော အဲဟာမဟုတ်ရင် ‘ထပင်း လှမ်းသွားမန့်’ လို့ ပြောရဟာ ပိုပင်း လွယ်သလော။ 24 လူသားဟ မြေကြီးပေါ်မှာ အပစ်လွှတ်ပိုင်လဲ့ အာဏာဆိတာဟို နင်လို့ဟို သက်သေပြမယ်" ဟု သူလို့အား ပြောပင်း၊ ယေရှုဟ "ထလော့၊ နင့်အိပ်ယာဟို သိမ်းပင်း အိုင်ဟို ပြန်လော့" ဟု လေဖြတ်နေသောသူဟို မိန့်အယ်။

25 သူဟ လူလို့ဆေ့မှာ ခုတုံး ထပင်း အိပ်ယာဟို ယူယွေ့၊ ဘုရားသခင်ဟို ချီးမွန်းပင်း အိုင်ဟို ပြန်သွားအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.