Pular para o conteúdo
Publicidade

လုကာ 7

ယေရှုဟ မုဆိုးမရဲ့ သားတယောက်ဟို အသက်ပြန်ဆှင်စေခြင်း

11 မကြာခင်ပင်းနောက်၇.၁၁ မကြာခင်ပင်းနောက်၊ တချို့ လက်ရေးမူကျမ်းများတွင် နောက်နေ့ ပါဆိအယ်။ ယေရှုဟ နာဣနမြို့လို့ခေါ်လဲ့ မြို့ဟို သွားခဲ့ပင်း တဘဲ့တော်လို့နဲ့ လူအုပ်လို့ဟ ကိုယ်တော်နဲ့အတူ လိုက်ပါလာကြအယ်။ 12 ယေရှုဟ မြို့ဂိတ်အနီးဟို ရောက်သွားချိန်နှိုက် လူလို့ဟ သေဆုံးသောသူတယောက်ဟို မြို့ပြင်သို့ သယ်ဆောင်လာကြအယ်။ သူဟ အမေ့ဖြစ်သူ မုဆိုးမရဲ့ တဦးတည်းသောသား ဖြစ်အယ်။ မြို့ထဲမှာ ဆိလဲ့ လူအပေါင်းလို့ဟ သူမနဲ့အတူ လိုက်ပို့ကြအယ်။ 13 ကိုယ်တော်ဟ အေးမိန်းမဟို မျော်သောအခါ သနားခြင်းစိတ်နဲ့ ပြေ့သဖြင့် "မငိုနဲ့" ဟု သူမဟို မိန့်အယ်။ 14 အေးနောက် ဆှောက်သွားပင်း အခေါင်းဟို လက်နဲ့ ထိအယ်၊ အေးအခါ အခေါင်းသယ်လာသူလို့ဟ ရပ်ကြအယ်။ ယေရှုဟ "အောင်နီငယ်၊ ထလော့၊ နင့်အား ငါ ပြောအယ်" ဟု မိန့်ရင်၊ 15 လူသေဟ ထထိန်ပင်း စကားပြောအယ်၊ ယေရှုဟ သူ့ဟို သူ့မေ့ဆေ ပြန်အပ်ဟယ်။

16 သူလို့အားလုံးဟ ကြောက်ရွံ့ပင်း ဘုရားသခင်ရဲ့ ဂုဏ်တော်ဟို ချီးမွန်းကြအယ်။ သူလို့ဟ "ငါလို့ထဲမှာ ပရောဖက်ကြီး တပါး ပေါ်ပေါက်လာပီ၊ ဘုရားသခင်ဟ မိမိလူမျိုးဟို ကယ်တင်ရန် ကြွလာပီ" ဟု ပြောကြအယ်။

17 ယေရှုရဲ့ သတင်းဟ ယုဒပြေအားလုံးနဲ့ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားလေအယ်။

နှစ်ခြင်း ယောဟန်ဆေမှ သတင်းသယ်ပို့ပေးသူများ

(မဿဲ ၁၁.၂–၁၉)

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.