Pular para o conteúdo
Publicidade

လုကာ 7

24 ယောဟန်ရဲ့ သတင်းသယ်သမားလို့ ပြန်သွားကြပင်းနောက်၊ ယေရှုဟ ယောဟန်အကျောန်းနဲ့ ပတ်သက်ပင်း လူအပေါင်းလို့အား ပြောတာဟ "နင်လို့ဟ ပစာအရာဟို ကျေ့ရန် ယောဟန်ဆိရာ တောကန္တာရဟို သွားကြလုန်း။ လေတိုက်ယွေ့ လှုပ်သောကျူပင်ဟို ကျေ့ဖို့လော။ 25 အေးလို့မဟုတ် အဝတ်အကောင်းစား ဝတ်ဆင်ထားသူလို့ဟို ကျေ့ဖို့ သွားသလော၊ အဝတ်အကောင်းစား ဝတ်ဆင်ယွေ့ ကောင်းကောင်း စားသောက်သောသူလို့ဟ မင်းအိုင်နှိုက် နေတတ်ကြအယ်။ 26 ပရောဖက်လို့ဟို ကျေ့ဖို့ သွားသလော၊ မန်ပါအယ်၊ ပရောဖက်ထက် ကြီးမြတ်သူဟို ကျေ့ရှုရန် ဖြစ်အယ်။ 27 ကျမ်းစာတွင် ‘ဘုရားသခင်ဟ၊ နင့်ရဲ့ လမ်းဟို အဆင်သင့် ဖြစ်စေရန် ငါရဲ့ သတင်းသယ်ဆောင်သူဟို နင့်ရဲ့ အဆေ့မှာ စေလွှတ်မယ်’ ဟု ပြောရာနှိုက် ယောဟန်ဟို ဆိုလိုအယ်။" 28 ယေရှုဟ ငါအမန်ဆိုတာမှာ "မိန်းမမှ မွေးသောသူလို့တွင် ယောဟန်ထက် ကြီးမြတ်သောသူ တယောက်မျှ မဆိ။ အဲလိုလဲ ဘုရားသခင်ရဲ့ နိုင်ငံတော်တွင် အငယ်ဆုံးသောသူဟ ယောဟန်ထက် ပိုပင်း ကြီးမြတ်အယ်" ဟု မိန့်အယ်။

29 ၇.၂၉,၃၀ မ ၂၁.၃၂; လု ၃.၁၂ လူအပေါင်းလို့ဟ သူ့ရဲ့ စကားဟို ကြားကြပင်း အေးသူလို့အနက် အထူးသဖြင့် အခွန်ခံသူများဟ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းဟို ဝန်ခံကြပင်း ယောဟန်ပေးသော နှစ်ခြင်းဟို ခံယူကြအယ်။ 30 ဖာရိရှဲလို့နဲ့ ကျမ်းတတ်ဆရာလို့ဟ မိမိလို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟို ငြင်းပယ်ယွေ့ ယောဟန်ဆေမှာ နှစ်ခြင်းဟို မခံပဲနေကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.