Pular para o conteúdo
Publicidade

လုကာ 7

31 ယေရှုဟ ဆက်ပင်း "ဟေနေ့လူလို့ဟို စလို နှိုင်းရမလော၊ သူလို့ဟ စသူနဲ့တူလုန်း။ 32 သူလို့ဟ ဆေးထဲမှာ ထိန်နေသော လူပဲ့သငယ်များနဲ့ တူအယ်။ သူလို့ဟ ‘ငါလို့သည် မင်္ဂလာဆောင် သီချင်းဟို တီးမှုတ်သော်လည်း နင်လို့ဟ မကကြ၊ ငါလို့ဟ အသုဘ သီချင်းဟို ဆိုကြသော်လည်း နင်လို့ဟ မငိုကကြ’ ဟု တဖွဲ့နဲ့တဖွဲ့ အော်ပြောကြအယ်။ 33 နှစ်ခြင်း ယောဟန်ဟ အစာဟို မစား၊ စပျစ်ယေဟို မသောက်ဘဲနေသော် နင်လို့ဟ ‘သူနှိုက် နတ်ဆိုးစွဲနေအယ်’ ဟု ဆိုကြအယ်။ 34 လူသားဟ စားလျက် သောက်လျက် လာသောအခါ နင်လို့ဟ ‘အေးလူဟို ကျေ့လော့၊ သူဟ စားကြူးပင်း သောက်ကြူးသောသူ ဖြစ်အယ်၊ အခွန်ခံများနဲ့ တခြား အပယ်ခံရသူလို့ဟို မိတ်ဆွေဖွဲ့သူ ဖြစ်အယ်’ ဟု ဆိုကြအယ်။ 35 အဲလိုလဲ ဘုရားသခင်ရဲ့ ဉာဏ်ပညာဟို လက်ခံသောသူအားလုံး အမန်ဖြစ်ကျောန်းဟို ပြသကြအယ်" ဟု ပြောအယ်။

ဖာရိရှဲ ရှိမုန်ရဲ့ နေအိုင်တွင် ယေရှုဆိစဉ်

36 ဖာရိရှဲတယောက်ဟ ယေရှုဟို မိမိနဲ့အတူ ညစာစားဖို့ ဖိတ်ခေါ်အယ်၊ ယေရှုဟ ဖာရိရှဲနေအိုင်ဟို သွားပင်း စားပွဲတွင် ထိန်အယ်။ 37 ၇.၃၇,၃၈ မ ၂၆.၇; မာ ၁၄.၃; ယော ၁၂.၃အေးမြို့တွင် အပစ်နဲ့ပြေ့နေသူ မိန်းမတယောက် ဆိအယ်၊ သူမဟ ဖာရိရှဲနေအိုင်မှာ ကိုယ်တော် စားသောက်နေတယ်ဟို ကြားသောအခါ ဆီမွှေး ကျောက်ဖြူဖူး တခုဟို ယူလာပင်း၊

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.