ယေရှုနဲ့ လိုက်ပါခဲ့သော မိန်းမများ
1 ကာလကတစ်ကြာသော် ယေရှုဟ တမြို့ပင်း တမြို့၊ တရွာပင်း တရွာဟို လှည့်လည်ကာ ခရီးသွားလျက် ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်း သတင်းကောင်းဟို ဟောပြောအယ်။ တဘဲ့တော် တဆယ့်နေဦးလုံး ကိုယ်တော်နဲ့အတူ သွားကြအယ်၊ 2 နတ်ဆိုးစွဲခြင်း ဘေးနဲ့ အနာရောဂါဘေးလို့မှ ကျန်းမာလာသော မိန်းမတချို့လို့လည်း လိုက်ကြအယ်။ မာရိ (မာဂဒလလို့ ခေါ်လဲ့သူ) ဆေမှ နတ်ဆိုးခုနေကောင် ထွက်လာတဲ့သူ ဖြစ်အယ်။ 3 ဟေရုဒ်မင်းရဲ့ တရားရုံးတွင် အရာဆိ ဖြစ်သူ ခုဇရဲ့ ပေါင်အိုမ ယောဟန္န၊ ရှုရှန္နနဲ့ တခြားမိန်းမများဟ ယေရှုနဲ့ သူ့ရဲ့ တဘဲ့တော်များဟို မိမိလို့စရိတ်ဖြင့် ကူညီ လုပ်ကျွေးသူများလည်း ပါဝင်ကြအယ်။