43 သူလို့အထဲမှ တဆယ့်နေနှစ်ပတ်လုံး သွေးသွန်နာ ရောဂါခံစားနေရသော မိန်းမတယောက် ဆိအယ်။ မိမိမှာ ဆိလဲ့အရာအားလုံးဟို သုံးစွဲပင်း ဆရာဝန်များနဲ့ ကုသခဲ့ပေမဲ့လည်း၈.၄၃ တချို့ လက်ရေးမူကျမ်းများတွင် မိမိမှာ ဆိလဲ့အရာအားလုံးဟို သုံးစွဲပင်း ဆရာဝန်များနဲ့ ကုသခဲ့ပေမဲ့လည်း၊ ဟု မပါဆိပေ။ အေးမိန်းမရဲ့ ရောဂါပျောက်ကင်းအောန် တယောက်မှ မကုသနိန်ဝူး။ 44 အဲမိန်းမဟ ယေရှုနောက်ဟို လာပင်း သူ့ရဲ့ ပန်းဖွားဟို တို့ပင်း ခုတုံးပင် သူမရဲ့ သွေးသွန်နာဟ ရပ်တန့်သွားအယ်။
Publicidade