Pular para o conteúdo
Publicidade

လုကာ 8

49 ယေရှု အေးလို့ပြောစဉ် တရားဇရပ်မှူးရဲ့ နေအိုင်ဟ သတင်းသမားဟ လာအယ်။ "နင့်ရဲ့ သမီး သေပီ၊ ဆရာဟို မနှောက်ယှက်ပါနဲ့" လို့ ယာဣရုဟို ပြောအယ်။

50 အေးစကားဟို ယေရှု ကြားပင်းရင် "မကြောက်ကြနဲ့၊ ယုံကြည်ခြင်း တခုသာ လိုအယ်၊ သူမ ကျန်းမာလာလိမ့်မယ်" လို့ ယာဣရုဟို ပြောအယ်။

51 သူ့ရဲ့ နေအိုင်ဟို ရောက်သောအခါ ပေတရု၊ ယောဟန်၊ ယာကုပ်နဲ့ မိနီငယ် အဖနဲ့ အမေ့မှလွဲပင်း တခြားစသူဟိုမှ မိမိနဲ့အတူ အထဲဟို ဝင်ဖို့ အခွင့်မပေးဝူး။ 52 လူအပေါင်းလို့ဟ ဝမ်းနည်းလျက် မိနီငယ်အတွက် ငိုကလျက် နေကြအယ်။ ယေရှုဟ "မငိုကြနဲ့၊ မိနီငယ်ဟ သေသွားတာ ဟုတ်ဝူး — သူမဟ အိပ်မွေ့နေစာရီး" ဟု ပြောအယ်။

53 သူလို့အားလုံးဟ ယေရှုဟို ပြောင်ကြအယ်၊ ပစာကို့ သူလို့ဟ မိနီငယ်သေကျောန်းဟို သိကြသောကျောန့် ဖြစ်အယ်။ 54 ယေရှုဟ အဲမိနီငယ်လက်ဟို ယူပင်း "ငါ့ရဲ့ မိနီငယ်၊ ထလော့" ဟု ခေါ်တာဟ၊ 55 မိနီငယ်ဟ အသက်ပြန်ဝင် လာပင်း ခုတုံး ထလေအယ်၊ ယေရှုဟ သူစားဖို့ တခုခုပေးရန် သူလို့ဟို အမိန့်ပေးအယ်။ 56 သူ့ရဲ့ မိဖလို့ဟ အံ့ဩသွားကြအယ်၊ အဲလိုလဲ ယေရှုဟ ပစာဖြစ်ပျက်ခဲ့အယ်ဆိုတာ တယောက်မှ မပြောဖို့ အမိန့်ပေးခဲ့တယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.