ယေရှုဟ တဆယ့်နေပါးသော တဘဲ့တော်များဟို စေလွှတ်ခြင်း
1 ယေရှုဟ တဆယ့်နေပါးသော တဘဲ့တော်များဟိုခေါ်ပင်း နတ်ဆိုးများဟို မောင်းထုတ်နိန်အောန်နဲ့ အနာရောဂါပျောက်အောန် ကုသနိန်သော တန်ခိုးအာဏာများဟို ပေးအပ်အယ်။ 2 အေးနောက် ယေရှုဟ ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဟောပြောရန်နဲ့ ဖျားနာသူများဟို ကျန်းမာစေဖို့ သူလို့ဟို စေလွှတ်အယ်။ 3 ၉.၃–၅ လု ၁၀.၄–၁၁သူလို့ဟို အဲသာတွေပြောပင်းနောက် "လမ်းခရီးအတွက် ပစာအရာဟိုမှ မယူကြနဲ့၊ တောင်ဝှေး၊ ခရီးဆောင်အိတ်၊ အစားအစာ၊ ပိတ်ဆန်၊ အင်္ကျီအပိုတောင် မယူကြနဲ့။ 4 နင့်ဟို ကြိုဆိုလဲ့ စလို နေအိုင်မဆို အေးမြို့မှ မထွက်မချင်း အဲနေအိုင်မှာ နေလော့။ 5 ၉.၅ တ ၁၃.၅၁နင့်ဟို လူလို့ မကြိုဆိုလဲ့ နေရာတိုင်းမှာ သူလို့တဖက်နှိုက် သက်သေအနေနဲ့ အေးမြို့မှ မသွားခင် နင်လို့ ခြေဖဝါးမှ ဖုန်မှုန့်ဟို ခါချခဲ့ကြလော့" ဟု ပြောအယ်။
6 တဘဲ့တော်လို့ဟ ထွက်သွားယွေ့ ရွာများလို့ဟို ဖြတ်သွားပင်း ခရီးပြုလျက် သတင်းကောင်းနဲ့ ကျန်းမာခြင်းများဟို နေရာတိုင်းမှာ ဟောပြောကြအယ်။