Pular para o conteúdo
Publicidade

လုကာ 9

27 နင်လို့ဟို ငါအမန်အကန်ဆိုတာဟ ဟေအရပ်နှိုက်ဆိသော သူအချို့လို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မမျော်ခင် မသေရကြ" ဟု ပြောအယ်။

အဆင်းအရောင်ပြောင်းလဲခြင်း

(မဿဲ ၁၇.၁–၈; မာကု ၉.၂–၈)

28 ၉.၂၈–၃၅ ၂ ပေ ၁.၁၇,၁၈ အေးအကျောန်းဟို ပြောပင်း တပတ်လောက်ကြာသောအခါ၊ ယေရှုဟ ပေတရု၊ ယောဟန်နဲ့ ယာကုပ်လို့ဟို ခေါ်ပင်း သူနဲ့အတူ ဆုတောင်းဖို့ တောင်ပေါ်ဟို သွားအယ်။ 29 ဆုတောင်းနေလဲ့အချိန်တွင် သူ့ရဲ့ မျက်နှာ ပြောင်းလဲလာပင်း၊ သူ့ရဲ့ အဝတ်အစားဟ ဖြူဖွေး တောက်ပလာအယ်။ 30 ခုတုံးပင် လူနေယောက်ဟ ပေါ်လာပင်း ယေရှုနဲ့ စကားပြောလျက်နေအယ်။ သူလို့ဟ ဧလိယနဲ့ မောရှေ ဖြစ်ကြအယ်။ 31 သူလို့ဟ ခေါန်းခင်ကနေ ဘုန်းတော်နဲ့အတူ ပေါ်လွင်လာပင်း ဘုရားသခင်ရဲ့ ရည်ရွယ်ချက် မကြာခင် ပြေ့စုံဖို့ ယေရုရှလင်မြို့မှာ အသေခံရမဲ့အကျောန်းဟို ယေရှုနဲ့အတူ ပြောဆိုနေကြအယ်။

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.