Pular para o conteúdo
Publicidade

လုကာ 9

38 လူအုပ်ထဲမှ လူတယောက်ဟ အော်ပင်း "ဆရာ၊ ငါရဲ့ သားဟို ကျေ့ပေးပါ၊ ငါ တောင်းပန်ပါတယ်၊ သူဟ ငါရဲ့ တဦးတည်းသောသား ဖြစ်အယ်။ 39 နတ်ဟ သူ့ဟို တိုက်ခိုက်သဖြင့် သူဟ ခုတုံး အော်ယွေ့ လဲချပင်း စလောင်ထဲမှာ အမြှုပ်ဟို ထွက်စေတတ်အယ်။ သူ့ဟို နာကျင်စေပင်းမှ ခက်ခက်ခဲခဲနဲ့ ထွက်သွားတတ်အယ်။ 40 ငါဟ နင့်ရဲ့ တဘဲ့တော်များအား မောင်းထုတ်ပေးရန် တောင်းပန်ပေမဲ့ သူလို့ဟ မလုပ်နိန်ကြပါ" ဟု ပြောအယ်။

41 ယေရှုဟ "ယုံကြည်ခြင်း ကင်းမဲ့လူလို့နဲ့ မားသောလူလို့၊ နင်လို့နဲ့အတူ ငါ စလောက်ကြာအောန် နေရမလဲ၊ နင်လို့ဟို စလောက်ကြာအောန် သည်းခံရမလဲ" လို့ ပြန်ပြောအယ်။ အေးနောက် ယေရှုဟ အေးလူဟို "နင့်ရဲ့ သားဟို ဟေနားခေါ်ခဲ့" ဟု ပြောအယ်။

42 အောင်နီငယ် လာသောအခါ၊ နတ်ဆိုးဟ မြေကြီးပေါ်မှာ မောက်ချပင်း သူ့ဟို ကြမ်းတမ်းစွာ ပစ်ချအယ်။ ယေရှုဟ ညစ်ညူးသောနတ်ဟို အမိန့်ပေးယွေ့ အောင်နီငယ်ဟို ကျန်းမာစေပင်းနောက် သူ့အဖဆေဟို ပြန်ပေးအယ်။ 43 လူအားလုံးလို့ဟ ဘုရားသခင်ရဲ့ ကြီးမြတ်သော တန်ခိုးတော်ဟို မျော်ပင်း အံ့ဩကြအယ်။

ယေရှုဟ အသေခံရမဲ့အကျောန်း ပြန်ပြောခြင်း

(မဿဲ ၁၇.၂၂,၂၃; မာကု ၉.၃၀–၃၁)

လူအားလုံးလို့ဟ ယေရှုလုပ်ခဲ့လဲ့ အရာအားလုံးဟို အံ့ဩနေကြစဉ်၊

Estes versículos te tocaram? Ore agora!

+581 estão orando agora.

Junte-se à corrente de oração.