20 အယ်မျိုးဖြစ်ဟှယ် ဆိုဟှာ၊ ပညာရှိဟှူသူဟှ ဖယ်မာရှိနူး။ ကျမ်းပြုဆရာဟှ ဖယ်မာရှိနူး။ လောကီရေးရာမာ ကျွမ်းကျင်သူလေဟှာ ဖယ်မာရှိနူး၊ ဘုရားသခင်ဟှာ လောကီပညာလေဟှို မိုက်မဲစေတော်မူဟှယ် မှုဟှလော။
21 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ဟှာ သူ့ရဲ့ ဉာဏ်ပညာတော်အားဖြင့် စီရင်ဟှားဟှူကြောန့်၊ လောကသားလေဟှာ သူးနို့ရဲ့ပညာအားဖြင့် ဘုရားသခင်ဟှို သိဘဲနနေဟှူ ခီမာ ဘုရားသခင်ဟှာ ယောင်ကြည်ဟှူသူလေဟှို မိုက်မဲဟှူဒေသနာ ဟောပြောရှင်းအားဖြင့် ကယ်တန်ဟှို့တွပ် စေတနာတော်ရှိလေဟှယ်။