24 ကျေးဇူးတော်ဟှို ချီးမွမ်းဘီးမှ မုဟှိုဖဲ့ဘီးဟှာ "အယ်မုဟှာ နန်းနို့တွပ် ခ္လိုးဖဲ့ဟှူ ငါ့ရဲ့ ကိုယ်ခန္ဓာ ဖြစ်ဟှယ်။ ငါ့ဟှို အော့-က်မေ့ဟှို့တွပ် အယ်မျိုးပြုဂေ့ပါ" ဆိုဘီး မိန့်တော်မူဟှယ်။ 25 အယ်တိုင်းဘဲ့ ညဉ့်ဇာစားဘီးန ခွပ်ဟှိုလည်း ယူဘီးဟှာ "အယ်ခွပ်ဟှာ ငါ့သွီးနတည်ဟှူ ပဋိညာဉ် တရားသစ် ဖြစ်ဟှယ်။ အယ်ခွပ်ဟှို သော့-က်ဟှူ ခီတိုင်း ငါ့ဟှို အော့-က်မေ့ဟှို့တွပ် အယ်မျိုးပြုဂေ့ပါ" ဆိုဘီး မိန့်တော်မူဟှယ်။
26 အယ်ကြောန့် နန်းနို့လေဟှာ အယ်မုဟှို စားဘီး အယ်ခွပ်ဟှိုသော့-က်ဟှူခီတိုင်းမာ သခင်ဘုရားရဲ့ သေခံတော်မူဟှူကြောန်းဟှို ကြွလာဟှူခီထိ ကြေညာဟှူဇာဖြစ်ဟှယ်။ 27 အယ်မျိုးဖြစ်ကြောန့် သခင်ဘုရားရဲ့ မုနခွပ်ဟှို ထိုက်တန်ဘဲန စားသော့-က်ဟှူသူဟှာ သခင်ဘုရားရဲ့ ကိုယ်ခန္ဓာတော်န သွီးတော်ဟှို ပြစ်မှားရာရော့-က်ဟှယ်။ 28 အယ်ကြောန့် လူတိုင်း ကိုယ့်ကိုယ်ကိုယ် စစ်ဆေးဘီးမှ မုဟှို စားပါစေ။ အယ်တိုင်းဘဲ့ ခွပ်ဟှိုလည်း သော့-က်ပါစေ။