4 မြစ်တာဟှာ စိရှယ်တတ်ဟှယ်။ သနားကြင်နာတတ်ဟှယ်။ မြစ်တာဟှာ နာလိုဘဲဟှူဇာ မှေ့ဟှ။ ဝါကြွားဟှူဇာ မှေ့ဟှ။ မာန်မာန မှေ့ဟှ။ 5 ယဉ်ကျေးဘဲမှုဟှို ပြုတတ်ဟှ။ ကိုယ့်ရဲ့ကျိုးဟှို ရှာတတ်ဟှ။ ဒေါသမျစ်ထွပ်တတ်ဟှ။ သူများရဲ့ ပြစ်ဟှို မှတ်တတ်ဟှ။ 6 တရားဘဲဟှူမှုမာ ဝန်းသာရှင်း မှေ့တတ်ဟှ။ သမ္မာတရားအားဖြင့်ဘဲ့ ဝန်းသာတတ်ဟှယ်။ 7 ရှိမျှဂူလောင်းဟှို ဖောင်းအောက်ပေးတတ်ဟှယ်။ ရှိမျှဂူလောင်းဟှို ယောင်ကြည်တတ်ဟှယ်။ ရှိမျှဂူလောင်းဟှို မျှော်လင့်တတ်ဟှယ်။ ရှိမျှဂူလောင်းဟှို သီးခံတတ်ဟှယ်။
8 မြစ်တာဟှာ ဖော့-က်ပ္လန်တတ်ဟှူ သဘောန မြဲကင်းစင်ဟှယ်။ ပရောဖက်ဉာဏ်ဘဲ့ဖြစ်ဖြစ်၊ ထူးဆန်းဟှူ ဘာသာစကားလေဟှို ပြောနိုင်ဇာဘဲ့ဖြစ်ဖြစ်၊ တီထွမ်ဖန်တီးနိုင်ဟှူ သိပ္ပံတတ်ဘဲ့ဖြစ်ဖြစ် ကွယ်ပျော့-က်လေ့မယ်။