3 ငါဟှာ ကိုယ်တိုင်ခံယူဘီး နန်းနို့လေဟှို ဦးဆောင်းပေးအပ်ဟှူ၊ ရေးကီးဆောင်းဖြစ်ဟှူ ကြောန်းရာဟှ ခရစ်တော်ဟှာ ကျမ်းစာလာဟှူတိုင်း နို့လေပြစ်တွပ် သေခံတော်မူဟှူကြောန်း၊ 4 ၁၅.၄ မ ၁၂.၄၀; တ ၂.၂၄–၃၂သင်္ဂြိုဟ်ခံဘီး ကျမ်းစာလာဟှူတိုင်း သောင်းရစ်မြော့-က်ဟှူနေ့မာ ရှင်ပ္လန်ထမြော့-က် တော်မူဟှူကြာန်း၊ 5 ၁၅.၅ က လု ၂၄.၃၄; ခ မ ၂၈.၁၆,၁၇; မာ ၁၆.၁၄; လု ၂၄.၃၆; ယော ၂၀.၁၉ကေဖဟှာ ကိုယ်တော့်ဟှို ဗြင်ရဟှူကြောန်းန ဆယ့်နှေ့ပါးဖြစ်ဟှူ တဗဲ့တော်လေ ဗြင်ရဟှူကြောန်းလေဘဲ့ ဖြစ်ဟှယ်။ 6 အယ်ဘီးန ခရစ်ယာန်ညီကို မောန်နှမ ငါးရာကျော်ဟှ တပြိုင်ဒဲ ဗြင်ရဂေ့ဟှယ်။ အယ်သူလေထဲဟှ တချို့လူလေဟှာ သေဟှားဂေ့ဘီ တော်တော်များများဟှ ခုထိရှိနေသေးဟှယ်။
Publicidade