4 ငါဟောပြောဟှူ တရားစကားဟှာ လူလေရဲ့ ပညာအားဖြင့် တည်ဘီးပြောဟှူဇာ မှုဟှ။ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တဂိုးပါဟှူ စကားလေဟှိုဘဲ့ ငါဟောပြောဟှယ်။ 5 အယ်ကြောန့် နန်းနို့လေရဲ့ ယောင်ကြည်ရှင်းဟှာ လူလေရဲ့ ဉာဏ်ပညာထတ်မာ တည်ဟှူဇာမှုဘဲန ဘုရားသခင်ရဲ့ တဂိုးထတ်မာဘဲ့ တည်ဟှူဇာဖြစ်ဟှယ်။
Publicidade
Publicidade