ညီကိုရှင်းရှင်း တရားစွဲဟှူကြောန်း
1 နန်းနို့လေ ရှင်းရှင်းပြဿနာဖြစ်ဟှူ ခီမာ ဘုရားသခင်ရဲ့ သန့်ရှင်းသူလေနားဟှနေဘီး စီရင်ဆောန်းဖြတ်ပေးဇာဟှို ခံယူဘဲန ယောင်ကြည်ဘဲဟှူသူလေရှေ့မာ ခံရဲဟှူသူ ယော့-က်ယော့-က်ရှိလော။ 2 ဘုရားသခင်ရဲ့ သန့်ရှင်းသူလေဖြစ်ဟှူ နို့လေဟှာ အယ်လောကဟှို တရားစီရင်ရမယ်ဆိုဇာဟှို နန်းနို့လေသိဂေ့ဟှလော။ အယ်လောကဟှို တရားစီရင်ရဟှို့သူလေဟှာ အယ်မူ မှုကိစသေးငယ်ဟှားဟှိုမှ စီရင်ဆောင်းဖြတ်နိုင်ဟှလော။ 3 နို့လေဟှာ ကောန်းဂန်တမန်လေဟှို တရားစီရင်ဂေ့ရဟှို့ကြောန်းဟှို နန်းနို့သိဂေ့ဟှလော။ အယ်မျိုးဖြစ်ဟှယ် ဆိုဟှာ အယ်လောကီမှုရာလေဟှို ပိုဘီး စီရင်သင့်ဟှယ် မှုဟှလော။ 4 အယ်ကြောန့် နန်းနို့လေဟှာ လောကီမှုပြဿနာလေဟှို စီရင်ဟှို့တွပ် သင်းတော်ဟှ အသရေနဲဟှူသူလေဟှို တရားသူကြီးနေရာမာ ခန့်ဟှားဂေ့ဟှို့လော။ 5 နန်းနို့လေဟှို ယှစ်ရအောန် အယ်မျိုး ငါပြောဟှူဇာဖြစ်ဟှယ်။ ခရစ်ယာန်ညီကို မောန်နှမလေရှင်းရှင်း ပြဿနာဖြစ်ဟှူ ခီမာ သင်းတော်မာ စီရင်ဆောင်းဖြတ်ပေးနိုင်ဟှူ ပညာရှိ ယော့-က်လည်းမှေ့ဟှလော။