18 တရားဘဲဟှူ မေထုန်ပြုဟှူဇာဟှို ရှောန်ဂေ့ပါ။ လူပြုတတ်ဟှူ တခြားပြစ်လေဟှာ ကိုယ်ခန္ဓာ ပ္လန်ဖတ်မာဘဲ့ရှိဟှယ်။ တရားဘဲဟှူ မေထုန်ပြုဟှူသူဟှာ ကိုယ့်ရဲ့ ကိုယ်ခန္ဓာဟှို ပြစ်မှားဟှူဇာ ဖြစ်ဟှယ်။ 20 ကိုယ်တော်ဟှာ နန်းနို့လေဟှို ဖိုးခပေးဘီး ဝယ်ဟှားကြောန့် နန်းနို့လေရဲ့ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်ရဲ့ ဖောင်းသရေတော်ဟှို ထန်ရှားစေဂေ့ပါ။