9 တရားဘဲဟှူ လူလေဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို မွီခံရဟှို့ မှုဟှ ဆိုဇာဟှို နန်းနို့သိဂေ့ဟှလော။ တလွဲယူဂေ့န။ ကာမဂေါင် လိုက်စားဟှူသူလေ၊ ရောက်ထုဟှို ကိုးကွယ်ဟှူသူလေ၊ အီထောန်ရေး ဖော့-က်ပ္လန်ဟှူသူလေ၊ ယော့-က်ကျားရှင်းရှင်း မေထုန်ပြုဟှူသူလေ၊ အယ်မျိုးဇာဟှိုခံဟှူသူ၊ 10 ခိုးဟှူသူလေ၊ လောဖကီးဟှူသူလေ၊ သော့-က်စား မောယစ်ဟှူသူလေ၊ သူများ အသရေဖျစ်ဟှူသူလေ၊ လီလည်လုယူသူလေဟှာ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟှို မွီခံရဟှို့ မှုဟှ။ 11 စဒူးဟှ နန်းနို့လေထဲဟှ တချို့လူလေဟှာ အယ်မျိုးသူလေဖြစ်ဂေ့ဟှူလည်းဘဲ့ ခု သခင်ယေရှု ခရစ်တော်ရဲ့ နာမတော်န ဘုရားသခင်ရဲ့ ဝိညာဉ်တော်အားဖြင့် ပြစ်ဟှနေ ဆေးကြောရှင်း၊ သန့်ရှင်းရှင်းခံရဘီး ဖြောန့်မတ်ရာဟှို ရော့-က်ဂေ့ဘီ။
Publicidade