8 အယ်မျိုးဖြစ်ကြောန့် အီထောန်မှေ့ဘဲသူလေန မောက်ဆိုးမလေဟှာ ငါ့ဟှူမျိုး တယော့-က်ဒဲ ဆစ်ဘီးနေနိုင်ဟှာ ကောန်းဟှယ်။ 9 အယ်ဘေမဲ့ ကိုယ့်ကိုယ်ကိုယ် ချောက်ထီးနိုင်ဘဲနေဟှာ အီထောန်ပြုဂေ့ပါ။ ကိလေသာစိဟှို ချောက်တီးနိုင်ဘဲနေဟှာ အီထောန်ပြုဟှူဇာဘဲ့ ပိုကောန်းလေ့မယ်။
10 ၇.၁၀,၁၁ မ ၅.၃၂; ၁၉.၉; မာ ၁၀.၁၁,၁၂; လု ၁၆.၁၈ အီထောန်ရှိဟှူသူလေဟှို ငါပညတ်ဟှူ ဇာလော့-က်မှုဘဲ သခင်ဘုရား ပညတ်ဇာဟှ မယားဟှာ ကိုယ့်ရဲ့ လန်န ကွာရှင်းစေန။ 11 အယ်ဘေမဲ့ ကွာရှင်းဟှယ် ဆိုဟှာ နော့-က်အီထောန်ယူဘဲန နေရမယ်။ အယ်မျိုးမှုဘဲနေဟှာ ကိုယ့်လန်န ပ္လန်ပေါန်းဘီး သင့်သင့်မြတ်မြတ် နေရမယ်။ လန်ဟှလည်းဘဲ့ ကိုယ့်မယားန ကွာစေန။