13 ဖဘုရားသခင်ဟှာ နို့လေဟှို မှောန်မိုက်ရဲ့တဂိုးဟှ ကယ်နှုတော်မူဘီးဟှာ သူရှစ်မြတ်နိုးတော်မူဟှူ သားတော်ရဲ့ နိုင်ငံတော်ထဲဟှို ခေါ်သွမ်းတော်မူဟှယ်။ 14 ၁.၁၄ ဧ ၁.၇နို့လေဟှာ အယ်သားတော်အားဖြင့် ဝီးနှုရှင်းဖြစ်ဟှူ ပြစ်လေ ခွမ့်လွှတ်ရှင်း ကျေးဇူးဟှို ရရှိဂေ့ဟှယ်။